November 13, 2024
photo_2024-11-08_12-36-22

၈.၁၁.၂၀၂၄
Written By Thandar

ကိုယ်ပိုင်သံစဉ်သစ် ကိုယ်တိုင်ရေးသီချင်းတွေနဲ့ ပရိသတ်ရင်ဘတ်ထဲကို အရောက်ပို့ခဲ့တဲ့ တေးရေး တေးဆို ခိုင်နိုးရဲ့ “ရူး” သီချင်းကို အချစ်ကြောင့်ခံစားနေရတဲ့ ပရိသတ်တွေနဲ့ ရင်ဘတ်ချင်းထိဖို့ မျှော်လင့်ပြီးဖန်တီးထားတယ်လို့ ဆိုပါတယ်။

အဆိုပါ သီချင်းကို ယနေ့ နိုဝင်ဘာ ၈ ရက် ည ၇ နာရီမှာ Khai No Facebook Page နဲ့ YouTube Channel မှာ တင်ပေးသွားမှာလည်းဖြစ်ပါတယ်။

“ကျွန်တော့်အနေနဲ့ ဒီသီချင်းလေးကတော့ အရမ်းချစ်ပြီး ရူးသွားရတဲ့ အကြောင်းအရာလေးမို့ ရူး ဆိုပြီး ပေးဖြစ်တာပါ။ ကိုယ်တိုင် ခံစားချက်တော့ မပါပါဘူးဗျ။ တကယ်ချစ်မိသွားတဲ့ လူတစ်ယောက် အသည်းကွဲတဲ့အခါ ပြန်အချစ်မခံရတဲ့အခါ ဖြစ်တတ်တဲ့နေရာကနေ ခံစားရေးထားတာပါ။ ကျွန်တော့်ပရိသတ်တွေ အချစ်ကြောင့် ခံစားနေရသူတွေ အကြိုက်တွေ့စေမယ်လို့ မျှော်လင့်ပါတယ်။ ဒီသီချင်းလေး ဖန်တီးခွင့်ရလို့လည်း ကျေနပ်ကြမယ်ထင်ပါတယ်။ ပရိသတ်ရင်ဘတ်နဲ့ တစ်ထပ်ထဲကျဖို့ မျှော်လင့်ပါတယ်”လို့ တေးရေး တေးဆို ခိုင်နိုးက MT Entertainment ကို ပြောပါတယ်။

အဆိုပါ တေးသီချင်းကတော့ R & B အမျိုးအစား‌ဖြစ်ပြီးတော့ Music Video ကို ဒါရိုက်တာနှင်းဆု (New Wave Entertainment) က အကောင်းဆုံးရိုက်ကူးပုံဖော်ပေးထားတယ်လို့ သိရပါတယ်။

သူဟာ နှုတ်ဆက်လမ်းခွဲ၊ ဒီနေ့မင်းကို ပိုလွမ်းတယ်၊ ခဏအတွက် သက်သက်ဆို၊ ဆယ်ပြားစေ့၊ သိပ်ချစ်လွန်းရင်၊ ထပ်ချစ်ဖြစ်ခဲ့ရင်၊ အသက်ရှုမဝသောနေ့ရက်များ၊ ဒဏ်ရာ၊ အချစ်မသိ အမုန်းမရှိ စတဲ့ ရုပ်ရှင်ဇာတ်ဝင်တေး ဇာတ်လမ်းတွဲ ဇာတ်ဝင် တေးတွေကို အကောင်းဆုံး ရေးသားဖန်တီးခဲ့သူလည်းဖြစ်ပါတယ်။

#ရူး #ခိုင်နိုး #Khaino #MyanmarSinger

#newwaveentertainment #MelodyWorld

Leave a Reply

Your email address will not be published. Required fields are marked *