November 15, 2024

၈.၁၁.၂၀၂၄
Written By Zun

ထိုင်းနိုင်ငံ၊ ဆူလာ့ခ်ျဌာနီခရိုင်၊ ထာ့ချွန်မြို့နယ်၊ အမှတ်(၅)၊ ပရစုံကျေးရွာအနီးရှိ အာရှလမ်းမကြီးပေါ်တွင် ဘန်ကောက်မြို့မှ ဖတ်ထလုံခရိုင်သို့ မောင်းနှင်လာသည့် တရားမဝင် မြန်မာရွှေ့ပြောင်း အလုပ်သမားများတင် ဆောင်လာသော ပစ်ကပ်ယာဉ်က ကုန်တင်ယာဉ်ကို ဝင်တိုက်မိ၍ ၄ ဦးသေဆုံးကာ ၉ ဦးဒဏ်ရာရခဲ့ကြောင်း သိရသည်။

ထိုဖြစ်စဥ်မှာ နိုဝင်ဘာ ၆ ရက်၊ နံနက် ၂ နာရီ ၄၂ မိနစ်ခန့်တွင် ထာ့ချွန်မြို့နယ်၊ အမှတ် (၅)၊ ပရစုံကျေးရွာအနီးရှိ အာရှလမ်းမကြီးပေါ်တွင် ၁၈ ဘီးယာဉ်ကို အရှိန်မထိန်းနိုင်ဘဲ ပစ်ကပ်ယာဥ်က နောက်က ဝင်တိုက်မိခြင်းဖြစ်ကြောင်း သိရသည်။

ယင်းကြောင့် ပစ်ကပ်ယာဉ်ပေါ်ပါ မြန်မာအလုပ်သမား ၁၅ ဦးထဲမှ အမျိုးသမီး နှစ်ဦးနှင့် အမျိုးသား တစ်ဦး၊ စုစုပေါင်း ၃ ဦးမှာ နေရာ၌ပင် သေဆုံးသွားခဲ့ပြီး ဒဏ်ရာရသူ ၁၀ ဦးအား ထာ့ချွန်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရာ ဆေးရုံတွင် နောက်ထပ် အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ယင်းယာဉ်ပေါ်တွင် လိုက်ပါလာသူများမှာ ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသူများဖြစ်ကြောင်း၊ ယာဉ်ပေါ် တွင်လိုက်ပါလာသူများထဲမှ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့မှာ အထောက်အထားမဲ့ ဝင်လာသည့်အတွက် ဖမ်းဆီးခံရမည်ကို စိုးရိမ်၍ ပုန်းခိုနေစဉ် ထိုင်းနိုင်ငံရဲတပ်ဖွဲ့က ဖမ်းဆီးခြင်းကို ခံခဲ့ရကြောင်း သိရသည်။

Sources – Banmuang , khaosod

Leave a Reply

Your email address will not be published. Required fields are marked *