November 7, 2024

၆.၁၁. ၂၀၂၄
Written by Shwe Phyo

ရခိုင်လက်နက်ကိုင် AA အဖွဲ့သည် ဘင်္ဂလားဒေ့ရှ်ငါးဖမ်းသမား ၂၀ ဦးကို နတ်မြစ်အတွင်းမှ ပြန်ပေးဆွဲဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

ရခိုင် AA အဖွဲ့သည် ကော့ဘဇားဒေသ တက်နက်ဖ်မြို့ရှိ နတ်မြစ်အတွင်း ငါးဖမ်းနေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂၀ ဦးကို ယနေ့ နိုဝင်ဘာ ၆ ရက် နေ့လယ် ၃ နာရီခွဲနှင့် ၄ နာရီကြားတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း တက်နက်ဖ်မြို့ တာဝန်ရှိသူတစ်ဦးက ထုတ်ဖော်ပြောဆိုလိုက်သည်။

တက်နက်ဖ်မြို့ တာဝန်ရှိသူတစ်ဦးဖြစ်သူ Adnan Chowdhury က ရခိုင် AA အဖွဲ့သည်သည် နတ်မြစ်အတွင်း ငါးဖမ်းနေသော ငါးဖမ်းလှေ ၁၅ စီးမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂၀ ဦးကို ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ၊ဖမ်းဆီးခံခဲ့ရသော ငါးဖမ်းသမားများ၏အမည်ကို လက်ရှိအချိန်တွင် အတိအကျ မသိသေးကြောင်းပြောသည်။

လက်ရှိအချိန်တွင် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့က ဖမ်းဆီးခံထားရသော ငါးဖမ်းသမားများကို ပြန်လည်ကယ်တင်နိုင်ရန် ကြိုးပမ်းနေကြောင်း ၎င်းကထပ်မံပြောဆိုခဲ့သည်။

မြန်မာရေတပ်သည် ပြီးခဲ့သော အောက်တိုဘာ ၉ ရက်နေ့ကလည်း ဘင်္ဂလားပင်လယ်အော်အတွင်း ငါးဖမ်းနေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၅၈ ဦးကို ဖမ်းဆီးခဲ့ဖူးကြောင်း သိရသည်။

ထို့အပြင် ရခိုင် AA အဖွဲ့သည် အကြောင်းအမျိုးမျိုးကြောင့် ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမားများအပါအဝင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများကို ဖမ်းဆီးခဲ့ဖူးကြောင်း သိရသည်။ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့၏ ကြားဝင်ကြိုးပမ်းမှုများကြောင့် ရခိုင် AAအဖွဲ့သည် ဖမ်းဆီးခဲ့သော ငါးဖမ်းသမားများကို ယခင်တုန်းက
ပြန်လွှတ်ခဲ့ဖူးသော်လည်း နိုဝင်ဘာ ၆ ရက်နေ့တွင်ဖမ်းဆီးခဲ့သော ဘင်္ဂလားဒေ့ရ်ှငါးဖမ်းသမား ၂၀ ဦးကို ပြန်လွှတ်ပေးခြင်းမရှိသေးကြောင်း သိရသည်။

REf, asianewsnetwork

Leave a Reply

Your email address will not be published. Required fields are marked *