၆. ၁၁. ၂၀၂၄
Written by MMAK
◾ကလပ်ဘရု Vs အက်စတွန်ဗီလာ
ဗီလာအသင်းက ကိုးမှတ်ရထားသလို ဒီပွဲသာ ထပ်နိုင်လိုက်ရင် နောက်ပွဲတွေမှာ ဖိအားသိပ်မရှိတော့ပါဘူး။ နောက်ပွဲတွေမှာ ဂျူဗင်တပ်ကို အိမ်ကွင်းကစားရမှာ ဆိုပေမဲ့ သိပ်မလွယ်သလို လိုက်ဇစ်အသင်းနဲ့ မိုနာကိုအသင်းတို့ကို အဝေးကွင်းကစားရမှာ ဖြစ်တာကြောင့် အမှတ်လျော့နိုင်ချေ ရှိပါတယ်။ ဘယ်ဂျီယံကလပ် ကလပ်ဘရုအသင်းက သုံးမှတ်ရထားပြီး ခြေစွမ်းသိပ်မဆိုးဘူးဆိုပေမဲ့ ဗီလာအသင်းနဲ့ ယှဥ်ရင်တော့ တစ်ဆင့်နိမ့်ပါသေးတယ်။ ဒီပွဲမှာ ဗီလာအသင်းက ပြားငါးဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးခုနှစ်ဆယ်စား ပေးထားပါတယ်။ ဗီလာအသင်းရဲ့ ဘော်ဒီကြေးက ပျော့နေပြီး ကြေးအောင်ပါ့မလားဆိုတာ သံသယဖြစ်စရာကောင်းတဲ့ ပေါက်ကြေးမျိုး ဖြစ်နေပါတယ်။ ဒါပေမဲ့ ဗီလာအသင်းကသာ သရေအရှုံးလောက် ပေးလိုက်ရင်လည်း အက်စတွန်ဗီလာကိုဘဲ ရွေးချယ်ကြမှာ ဖြစ်တာကြောင့် ကြေးချထားတယ်လို့ ထင်ပါတယ်။ ဗီလာနည်းပြ အမ်မရီက ချန်ပီယံလိဂ်နဲ့ အမှတ်ပေးပွဲကို အာရုံစိုက်မှာ ဖြစ်တာကြောင့် ကာရာဘောင်ဖလားပွဲကို နုတ်ထွက်ခဲ့ပြီး ကြေးကျခဲ့သလို စပါးအသင်းကို ထပ်ရှုံးခဲ့တာကြောင့် နှစ်ပွဲဆက်ကြေးကျထားပါတယ်။ ဒီပွဲပြီးရင် ပရီးမီးယားလိဂ်ပွဲစဥ်မှာ လီဗာပူးအသင်းနဲ့ ကစားရမှာ ဖြစ်လို့ ကြေးကျနိုင်သေးတဲ့အတွက် ဒီပွဲမှာသာ ကြေးထပ်ကျရင် လေးပွဲဆက်ကြေးကျသွားမှာ ဖြစ်တာကြောင့် အခုပွဲစဥ်မှာ ကြေးမကျနိုင်တော့ဘူးလို့ ထင်ပါတယ်။ ဘော်ဒီကြေး ပျော့နေပေမဲ့ ဗီလာအသင်း မရှုံးနိုင်ဘူးလို့ ယူဆထားပြီး ဗီလာအသင်းကပဲ တစ်ဂိုးအသာလောက်နဲ့ ကပ်နိုင်သွားမယ်လို့ ထင်တဲ့အတွက် အမ်မရီရဲ့ အက်စတွန်ဗီလာအသင်းကို ရွေးချယ်ပေးချင်ပါတယ်။
◾ဘိုင်ယန်မြူးနစ် Vs ဘင်ဖီကာ
ဘိုင်ယန်အသင်းက ပထမပွဲမှာ ဂိုးပြတ်နိုင်ခဲ့ပေမဲ့ အက်စတွန်ဗီလာနဲ့ ဘာစီလိုနာအသင်းတို့ကို ရှုံးနိမ့်ခဲ့တာကြောင့် သုံးမှတ်သာ ရထားပါတယ်။ ဒီရမှတ်ဟာ Play off ကစားခွင့်နေရာတောင် မရောက်သေးတဲ့ အမှတ်မျိုး ဖြစ်တဲ့အတွက် ဘိုင်ယန်အသင်း နိုင်ပွဲရဖို့ လိုအပ်နေပါပြီ။ တစ်ဖက်က ဘင်ဖီကာအသင်းက ခြောက်မှတ်ရထားပြီး အသင်းကောင်းတစ်သင်း ဖြစ်တယ်ဆိုပေမဲ့ နိုင်ပွဲလိုအပ်နေတဲ့ ဘိုင်ယန်မြူးနစ်ကွင်းမှာတော့ အရှုံးနဲ့ အိမ်ပြန်ရဖို့ များပါတယ်။ ဒီပွဲမှာ အိမ်ရှင် ဘိုင်ယန်မြူးနစ်အသင်းက နှစ်လုံးငါးဆယ်စားပေးထားပြီး ဂိုးပေါင်းကြေး လေးလုံးရှစ်ဆယ်စား ဖြစ်ပါတယ်။ ဘိုင်ယန်အသင်းက တစ်ဂိုးအသာနဲ့ ကပ်နိုင်လို့ ရတယ်ဆိုပေမဲ့ နိုင်ပွဲရဖို့အရေးကြီးတဲ့အတွက် တစ်ဂိုးအသာလောက်နဲ့ ထိန်းကစားမှာ မဟုတ်ဘဲ အချိန်မရွေး တစ်ဂိုးပြန်ပေးရပြီး သရေကျသွားမဲ့ ရလဒ်မျိုး လိုချင်မှာ မဟုတ်ပါဘူး။ ဘိုင်ယန်အသင်းရဲ့ အိမ်ကွင်းတိုက်စစ်က ဂိုးတွေရသလောက် သွင်းထားမယ်ဆိုတဲ့ တိုက်စစ်မျိုး ဖြစ်တဲ့အတွက် အနိမ့်ဆုံး နှစ်ဂိုးပြတ်လောက် နိုင်အောင်ကစားနိုင်တယ်လို့ ယူဆထားပါတယ်။ ထိပ်တိုက်တွေ့ဆုံမှုတွေမှာလည်း ဘိုင်ယန်အသင်းက ဂိုးပြတ်တွေချည်း နိုင်ထားတာ ဖြစ်တဲ့အတွက် ဘင်ဖီကာနဲ့တွေ့ရင် ဂိုးမြူးတယ်ဆိုတဲ့ အချက်ကိုလည်း တွေ့ရပါတယ်။ အနိမ့်ဆုံး နှစ်ဂိုးအသာလောက်နဲ့ အနိုင်ရသွားမဲ့ အိမ်ရှင်ဘိုင်ယန်မြူးနစ်အသင်းကို ရွေးချယ်ပေးချင်ပါတယ်။
◾အင်တာမီလန် Vs အာဆင်နယ်
နှစ်သင်းလုံး ခုနစ်မှတ်ဆီရထားသလို နှစ်သင်းလုံး သုံးပွဲစီ ကစားပြီးချိန်မှာ ပေးဂိုးလုံး၀ မရှိထားပါဘူး။ နှစ်သင်းလုံးဟာ ခံစစ်အတော်ကောင်းတဲ့ အသင်းတွေ ဖြစ်ကြပြီး အမှတ်လိုအပ်ချက်လည်း ကြီးကြီးမားမား မရှိပါဘူး။ ဒီပွဲမှာ အိမ်ရှင်အင်တာမီလန်အသင်းက ပြားတစ်ဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး နှစ်လုံးခုနှစ်ဆယ်အရှုံး ဖြစ်ပါတယ်။ ခံစစ်ကောင်းတဲ့အသင်းကြီးအချင်းချင်း ဖြစ်တာကြောင့် ထိန်းကစားမဲ့ပွဲ ဖြစ်ပြီး ဂိုးပေါင်းကြေးကလည်း ပါးပါးလေးသာ ပေးထားပါတယ်။ ဒီပွဲက တိုက်စစ်ဖွင့်ကစားပြီး အပြန်အလှန်ဂိုးသွင်းမဲ့ပွဲ မဟုတ်ပါဘူး။ တစ်ဖက်နဲ့တစ်ဖက် ဘောလုံးကိုင်ကစားပြီး အချိန်ကုန်မဲ့ပွဲမျိုး ဖြစ်တာကြောင့် ဂိုးအောက် ကြိုက်ပါတယ်။ အများဆုံး နှစ်ဂိုးလောက်သာ မြင်ရနိုင်ပြီး သုံးဂိုးလောက်ထိရောက်ဖို့ မဖြစ်နိုင်ဘူးလို့ ယူဆတဲ့အတွက် ဂိုးအောက်တစ်မျိုးတည်း ရွေးချယ်ပေးချင်ပါတယ်။
◾ဖိယင်နု Vs ဆဲလ်ဘတ်
ဖိယင်နုအသင်းက ခြောက်မှတ်ရထားတဲ့အတွက် အခုအိမ်ကွင်းပွဲမှာ အနိုင်ရထားရင် Play off ကစားဖို့ အခွင့်အရေး ရှိပါတယ်။ နောက်ပွဲတွေမှာ မန်စီးတီးအသင်းနဲ့ ဘိုင်ယန်အသင်းတို့လို အသင်းကြီးတွေနဲ့ ကစားရမှာ ဖြစ်လို့ အမှတ်လျော့နိုင်ချေရှိတဲ့အတွက် ယခုလိုမျိုး သုံးမှတ်အပြည့်ရသင့်တဲ့ပွဲမှာ အနိုင်ရဖို့ ကြိုးစားလာမှာ သေချာပါတယ်။ ဆဲလ်ဘတ်အသင်းက သုံးပွဲလုံး ရှုံးနိမ့်ထားပြီး တိုက်စစ်က တစ်ဂိုးမှမသွင်းနိုင်ပေမဲ့ ခံစစ်က ကိုးဂိုးပေးထားရပါတယ်။ နောက်ပွဲတွေမှာလည်း ရီးရဲ၊ တီကို ၊ PSG ၊ လေဗာကူဆင်တို့လို့ အသင်းကြီးတွေနဲ့ ကစားရမှာ ဖြစ်တဲ့အတွက် နောက်တစ်ဆင့်တက်ဖို့အတွက် ဖြစ်နိုင်ချေ အရမ်းနည်းသွားပြီ ဖြစ်ပါတယ်။ ဒီပွဲမှာ အိမ်ရှင် ဖိယင်နုအသင်းက တစ်လုံးသရေပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးသရေ ဖြစ်ပါတယ်။ ဘော်ဒီကြေးရော ဂိုးပေါင်းကြေးရော ပြင်းရှတဲ့ ပေါက်ကြေးမျိုးဖြစ်ပြီး အသင်းလိုက်ကစားအားကောင်းတဲ့ အိမ်ရှင်ဖိယင်နုအသင်း အနိမ့်ဆုံးတစ်ဂိုးအသာနဲ့ နိုင်မယ်ဆိုတဲ့ အနေအထား ဖြစ်ပါတယ်။ အိမ်ရှင်ဖိယင်နုအသင်း တစ်ဂိုးထပ်မကဘဲ ဂိုးပြတ်နိုင်သွားမယ်လို့ ထင်တဲ့အတွက် ဖိယင်နုဘော်ဒီကို ကြိုက်ပါတယ်။
◾ရှက်တာဒိုးနတ် Vs ယန်းဘွိုင်း
သုံးပွဲကစားပြီးချိန်မှာ ရှက်တာဒိုးနတ်အသင်းက တစ်မှတ်ရထားပြီး ယန်ဘွိုင်းအသင်းက တစ်မှတ်မှ မရသေးပါဘူး။ ထူးခြားချက်အနေနဲ့ နှစ်သင်းလုံး တစ်ဂိုးမှ မသွင်းနိုင်သေးတာ ဖြစ်ပေမဲ့ ဒီပွဲရဲ့ ဂိုးပေါင်းကြေးက သုံးလုံးငါးဆယ်စားဆိုပြီး ကြေးပေါက်နေပါတယ်။ ဒီပွဲက နှစ်သင်းလုံးအတွက် အရေးကြီးတဲ့ပွဲ ဖြစ်ပြီး ဒီပွဲနိုင်တဲ့အသင်းက Play off ကစားဖို့အတွက် မျှော်လင့်ချက် ရှိမှာဖြစ်ပါတယ်။ ချန်ပီယံလိဂ်မှာ သွင်းဂိုးတွေ မရသေးဘူးဆိုပေမဲ့ သူတို့ရဲ့ အမှတ်ပေးလိဂ်မှာတော့ ဂိုးတွေသွင်းနိုင်တဲ့ အသင်းတွေ ဖြစ်တယ်ဆိုတာ တွေ့ရပါတယ်။ ဒီပွဲက နှစ်သင်းလုံးအတွက် သရေကျလို့ မရတဲ့ပွဲမျိုး ဖြစ်တဲ့အတွက် အနိုင်ရလဒ်ကို ဦးတည်ကစားကြမဲ့ ပွဲပါ။ အရှုံးအနိုင်ပေါ်အောင် တိုက်စစ်ဖွင့်ကစားပြီး အပြန်အလှန်သွင်းဂိုးရမယ်လို့ ထင်တဲ့အတွက် ဒီလိုဂိုးပေါင်းကြေးပေးထားတယ်လို့ ထင်ပါတယ်။ ဒီအတွက်ကြောင့် ဂိုးပေါ်တစ်မျိုးတည်းကိုသာ ရွေးချယ်ပေးချင်ပါတယ်။
◾ဇဗက်ဒါ Vs ဘာစီလိုနာ
ဘာစီလိုနာအသင်းက ခြောက်မှတ်ရထားတယ်ဆိုပေမဲ့ ထိပ်ဆုံးရှစ်သင်းနေရာကို ၀င်ရောက်ဖို့အတွက်ဆို ရမှတ်တွေ ထပ်လိုပါသေးတယ်။ ဟန်ဆီဖလစ်ရဲ့ ဘာစီလိုနာအသင်းက အရမ်းကောင်းနေပြီး တိုက်စစ်က နောက်ဆုံးခြောက်ပွဲဆက် တစ်ပွဲကို သုံးဂိုးအနိမ့်ဆုံး သွင်းထားတာ ဖြစ်ပါတယ်။ ဇဗက်ဒါအသင်းက သုံးပွဲလုံး ရှုံးထားပြီး တစ်မှတ်မှ မရသေးသလို ခံစစ်က ဆယ့်တစ်ဂိုးတောင် ပေးထားရပါတယ်။ ဒီလိုမျိုး အိမ်ဖြည့်အသင်းငယ်လေးနဲ့ ကစားရမဲ့ပွဲမှာ ဘာစီလိုနာ အနိုင်သေချာပါတယ်။ ဘာစီလိုနာအသင်းက ဘော်ဒီကြေး နှစ်လုံးသုံးဆယ်စား ပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးရှစ်ဆယ်အရှုံး ဖြစ်ပါတယ်။ တိုက်စစ်ကောင်းလွန်းနေတဲ့ ဘာစီလိုနာအသင်း တစ်ဂိုးအသာလောက်နဲ့တော့ ကပ်နိုင်မယ် မထင်ပါဘူး။ အနိမ့်ဆုံး နှစ်ဂိုးပြတ်လောက်နဲ့တော့ နိုင်မယ်လို့ ယူဆထားပြီး ဘာစီလိုနာတိုက်စစ်က ဂိုးသွင်းလေ့ကျင့်ဦးမဲ့ ပွဲတစ်ပွဲလို့ ထင်ပါတယ်။ ဘာစီလိုနာအသင်း နှစ်ဂိုးပြတ်လောက်က အသာအယာ သွင်းနိုင်တယ်လို့ ယူဆတဲ့အတွက် ဘာစီလိုနာဘော်ဒီတစ်မျိုးတည်းကိုဘဲ ရွေးချယ်ပေးချင်ပါတယ်။
◾PSG Vs အသလက်တီကို
ချန်ပီယံလိဂ်ကို ဦးစားပေးကစားနေတဲ့ PSG အသင်း လေးမှတ်သာရထားသလို နောက်ပွဲတွေမှာလည်း ဘိုင်ယန်မြူးနစ်အသင်း၊ မန်စီးတီးအသင်းတို့နဲ့ကစားရမှာ ဖြစ်တဲ့အတွက် ခက်ခဲတဲ့ ပွဲတွေကစားရမှာ ဖြစ်ပါတယ်။ တီကိုအသင်းကလည်း သုံးမှတ်သာ ရထားပြီး ခံစစ်က ပွဲတိုင်းဂိုးပေးနေရသလို အရင်လို ခံစစ်မာကျောတဲ့ အသင်းမျိုး မဟုတ်တော့ပါဘူး။ တီကိုအသင်းက နောက်ပွဲတွေမှာ ပွဲချောင်တယ်ဆိုပေမဲ့ သုံးမှတ်သာ ရထားတာ ဖြစ်တဲ့အတွက် Play off ကစားခွင့်ရဖို့တောင် ရမှတ်တွေ ထပ်လိုနေပါတယ်။ ဒီပွဲမှာ PSG အသင်းက ဘော်ဒီကြေး တစ်လုံးသရေပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးနှစ်ဆယ်စား ပေါက်ပါတယ်။ တီကိုခံစစ်က ပွဲတိုင်းဂိုးပေးနေရပြီး ခြေစွမ်းအကျဘက်ကို ရောက်နေတာ ဖြစ်တဲ့အတွက် PSG အသင်းရဲ့ ဘော်ဒီကြေးက ပြင်းရှတယ်လို့ ပြောလို့ရပြီး အိမ်ရှင် PSG အသင်း ဂိုးရဖို့ သေချာသလောက် ရှိပါတယ်။ သုံးမှတ်သာရထားတဲ့ တီကိုအသင်းကလည်း ဂိုးပြန်ရနိုင်တဲ့ တိုက်စစ်အစုအဖွဲ့ကို ပိုင်ဆိုင်ထားတာ ဖြစ်တဲ့အတွက် နှစ်သင်းလုံး ဂိုးရနိုင်တယ်လို့ ထင်ပါတယ်။ နှစ်ဂိုးပြတ်နိုင်မှ ကြေးစားရမဲ့ PSG ဘော်ဒီထက် ဂိုးပေါ်ကို ပိုကြိုက်နေပြီး ဂိုးပေါင်းကြေးလည်း မြင့်တက်လာတာ တွေ့ရတဲ့အတွက် ဒီပွဲက အနိမ့်ဆုံးသုံးဂိုးလောက် မြင်ရဖို့ရှိပါတယ်။ ဒီအတွက်ကြောင့် ဂိုးပေါ်တစ်မျိုးတည်းကိုပဲ ရွေးချယ်ပေးချင်ပါတယ်။