November 7, 2024

၆.၁၁. ၂၀၂၄
Translated by Htwe Ko Tun

အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန်ပါတီမှ သမ္မတဟောင်းဒေါ်နယ်ထရန့် က အနိုင်ရတော့မယ့်အခြေအနေတွေ ဖြစ်ပေါ်လာကထဲက ဒီမိုကရက်ပါတီ သမ္မတလောင်း ကာမာလာ ဟားရစ်ကို ထောက်ခံသူတွေက ဟားရစ် သမ္မတဖြစ်ရေး မျှော်လင့်ချက်တွေကိုစွန့်လွှတ်ပြီး ရွေးကောက်ပွဲဆိုင်ရာ ပါတီရဲ့ လှုပ်ရှားမှုတွေကိုပါ စွန့်ခွာခဲ့ကြတယ်လို့ ဆိုပါတယ်။

ဟားရစ် ပညာသင်ကြားခဲ့ရာ Howard တက္ကသိုလ်မှာ စုဝေးနေခဲ့ကြတဲ့ ဒီမိုကရက်တွေဆိုရင်လည်း ရုပ်မြင်သံကြားမြင်ကွင်းပေါ်မှာ ရီပတ်ဘလစ်ကန်ပါတီကို တိုးလို့အနိုင်ရနေတာတွေကို ကြည့်ရင်း စိတ်မချမ်းမြေ့ဖြစ်ခဲ့ကြရပါတယ်။ ဟားရစ်ရဲ့ ရွေးကောက်ပွဲ လှုပ်ရှားမှု ပူးတွဲခေါင်းဆောင်သူ စီဒရစ် ရစ်မွန်းက စင်မြင်ထက်ကိုသွားခဲ့ပေမယ့် တစ်လုံးတစ်ပါဒမှ မပြောကြားခဲ့တဲ့နောက်မှာတော့ ဒီမိုကရက် အများအပြားဟာလည်း လက်လျှော့ကြတဲ့ပုံပေါ်လာပြီး အိမ်ကိုသာပြန်ကြတယ်လို့ ဆိုပါတယ်။

နာရီအနည်းငယ်အကြာမှာတော့ ထရန့်က ရွေးကောက်ပွဲအနိုင်ရကြောင်းကြေညာကာ သူ့အနေနဲ့ ၄၇ ယောက်မြောက် အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတဖြစ်လာပြီဆိုတာ ပြောခဲ့ပါတယ်။ ဒီအချိန်မှာတော့ လစ်ဘရယ်ဒီမိုကရက်တို့ရဲ့ မျက်ရည်လည်ရွဲဖြစ်နေကြတာတွေကို ပုံတူးကူးထားသလို နိုင်ငံတစ်ဝန်း တွေ့ရတယ်လို့ မီဒီယာတွေကဖော်ပြခဲ့ပါတယ်။ ဟားရစ်ကိုထောက်ခံသူတွေအဖို့လည်း သူတို့မျှော်လင့်ချက် ဖြစ်မလာနိုင်တော့ဘူးဆိုတာခံစားနေရတာတွေ ဓာတ်ပုံတွေမှာဖော်ပြခဲ့ပါတယ်။

ထရန့်အနိုင်ရဖို့ ပိုလိုပိုလို့သေချာလာလေလေ ဟားရစ်ထောက်ခံသူတွေ တစ်ဦးကိုတစ်ဦး ပွေ့ဖက်ငိုကြွေးကြတာတွေ့လာရလေပါ။

ဒါပေမယ့် ဟားရစ် နဲ့ ဟားရစ်ရဲ့ ဒီမိုကရက်ပါတီဌာနချုပ်တို့ကတော့ အရှုံးမှာ လုံးဝတစ်စုံတစ်ရာမပြောကြားဘဲ ဆိတ်ဆိတ်သာနေနေတယ်လို့ သိရပါတယ်။

Ref- Daily Mail

Leave a Reply

Your email address will not be published. Required fields are marked *