November 15, 2024
photo_2024-11-06_15-34-42

၆.၁၁.၂၀၂၄
Written By Thandar

သရုပ်ဆောင်ပိုင်းမှာ ပရိသတ်အားပေးမှုအခိုင်အမာရရှိထားသလို ခုနစ်ရက်သားသမီးတွေကို ဆေးကုသပေးနေတဲ့အတွက် ဆေးကုဆရာအနေနဲ့ လူပိုသိလာကြတဲ့ သရုပ်ဆောင် ထူးခန့်ကျော်ရဲ့ ယနေ့ နိုဝင်ဘာ ၆ ရက်မှာကျရောက်တဲ့ အသက် ၄၆ နှစ်ပြည့်မွေးနေ့မှာ ဝေဒနာရှင်အမျိုး ၂၅၀၀ ကျော် အခမဲ့ ပါရမီဖြည့်ဆေးကုသပေးပါတယ်။

ယနေ့ကျရောက်တဲ့ မွေးနေ့အလှူကို နံနက် ၉ နာရီခွဲက ရန်ကုန်မြို့ မြောက်ဒဂုံမြို့နယ် ၃၂ ရပ်ကွက် ရွှေပြည်သာလမ်းရှိ ထူးခန့်ကျော်ဆေးခန်းမှာ ပြုလုပ်ခဲ့ပါတယ်။

“ကျွန်တော် ကိုယ်တိုင်က မရှိနွမ်းပါးတဲ့ဘဝက လာခဲ့တော့ အရင်က မွေးနေ့ဆိုတာ ဘာမှန်းမသိခဲ့ပါဘူး။ မွေးနေ့ရောက်တိုင်း ပါရမီဖြည့်ဘက် ဇနီးသည်နဲ့ ဘုရားဆွမ်းကပ်တာ၊ ဘုရားသွားတာပဲလုပ်ဖြစ်ပါတယ်။ ဘဝက စားဝတ်နေရေးအတွက်ပဲ ဖြေရှင်းနေရတာမို့လေ။ ဒါတွေခေါင်းထဲ မထည့်နိုင်ပါဘူး။ မွေးနေ့ဆိုတာ သူစိမ်းလိုပဲဖြစ်ခဲ့တာပါ။ သို့သော် ဒီမှာ ပါရမီဖြည့်တာမို့ ဝေဒနာရှင်အမျိုးတွေကပဲ မွေးနေ့လုပ်ပေးခဲ့တယ်။ နောက်တစ်ခု Facebook က အမျိုးတွေကို ကျေးဇူးတင်တယ်။ မွေးနေ့ရောက်ရင် ဆုတောင်းပေးကြလို့ သိရတယ်။ ကျွန်တော့်ကို အမျိုးတွေက အသိအမှတ်ပြုပေးပြီး ကျင်းပပေးတဲ့မွေးနေ့ပွဲလေးပါ။ အခုနောက်ပိုင်းက ကျွန်တော်ဆေးကုပေးခဲ့တဲ့ ဝေဒနာရှင် အမျိုးတွေကြောင့် မွေးနေ့ပွဲ လုပ်လာတာ ၆ နှစ်ရှိပါပြီ။ ဒီအတွက်လည်း ပီတိဖြစ်ရပါတယ်။ ဒီအတွက် အင်မတန့်ကို ဝမ်းသာကြည်နူး ပီတိဖြစ်ရပါတယ်။ တစ်နှစ်ကြီးလာတော့ ထွက်ခွာဖို့ ၁ ရက် နီးလာလေပြီပေါ့” လို့ ‌ထူးခန့်ကျော်က ပြောပြခဲ့ပါတယ်။

အဆိုပါ မွေးနေ့အထိမ်းအမှတ်အနေနဲ့ လာရောက်သူတွေကို မုန့်ဟင်းခါးအလှူ ဒါနပြုခဲ့ပြီး မွေးနေ့ကိတ်ခွဲခဲ့ပါတယ်။ ဒါ့ပြင် ရောဂါဝေဒနာရှင် ၂၅၀၀ ကျော်ကို ထူးခန့်ကျော်က မွေးနေ့အလှူအနေနဲ့ အခမဲ့ပါရမီဖြည့် ဆေးကုသပေးခဲ့ပါ တယ်။ ထူးခန့်ကျော်ရဲ့ မိတ်ဆွေ အနုပညာရှင်မောင်နှမတွေကလည်း တေးသီချင်းတွေနဲ့ သီဆို ဖျော်ဖြေရေး အစီအစဉ်တွေနဲ့ တင်ဆက်ခဲ့ကြပါတယ်။

#ထူးခန့်ကျော် #Htookhantkyaw

#MyanmarActor #ဆေးကုသဆရာ #SayaHtooKhantKyaw #ဆရာထူးခန့်ကျော်

Leave a Reply

Your email address will not be published. Required fields are marked *