November 15, 2024
photo_2024-11-06_15-26-48

၆ .၁၁. ၂၀၂၄
Written by Hey Mar

ဆောက်လက်စ အထပ်မြင့်တိုက် ခြောက်လွှာမှာ ညစောင့်တက်အိပ်ရင်း အမျိုးသားတစ်ဦး ပြုတ်ကျသေဆုံးခဲ့တဲ့ ဖြစ်စဉ် ဒီနေ့ နိုဝင်ဘာ ၆ ရက်နေ့ မနက်အ‌စောပိုင်းက ရန်ကုန်တိုင်းဒေသကြီး ဒေါပုံမြို့နယ် အောင်ချမ်းသာရပ်ကွက်မှာ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေး အသင်းထံကနေ သိရပါတယ်။

ဖြစ်စဉ်မှာ သေဆုံးသူက အသက် ၂၄ နှစ်အရွယ် ကိုဖြိုးဇော်သက်ဖြစ်ပြီး ဘယ်လို ဘယ်နည်းကြောင့် ပြုတ်ကျသေဆုံးရတယ်ဆိုတာကို မသိရှိရပေမယ့် သေဆုံးသူရဲ့ ရုပ်အလောင်းကို မနက် ၁ နာရီ မိနစ် ၅၀ အချိန်မှာ သူ့ရဲ့ အမျိုးသမီးက စတင်တွေ့ရှိတာလို့ သိရပါတယ်။

မြေပြင်အကူအညီရောက်ရှိခဲ့တဲ့ သစ္စာမဏ္ဍိုင်လူမူ့ကူညီကယ်ဆယ်ရေးအသင်း တာဝန်ရှိသူက “သူက ည ဆယ်နာရီလောက်မှာ သူ့မိန်းမဆီက ဖုန်းလာယူတယ်တဲ့။ ပြီးတော့ အိပ်ရာဝင်ဖို့ တိုက်ပေါ်တက်သွားပြီး ည တစ်နာရီကျော်လောက်မှာ သူသေဆုံးတာကို သူ့မိန်းမက စတွေ့တာ။ သူ့ခန္ဓာကိုယ်မှာ အပြင်းထန်ဆုံးဒဏ်ရာကတော့ ဦးခေါင်းဒဏ်ရာပဲ “” လို့ MT News ကို ပြောပါတယ်။

ပြုတ်ကျသေဆုံးတဲ့ ရုပ်အလောင်းကို သက်ဆိုင်ရာက လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နိုင်ဖို့ ရန်ကုန်ဆေးရုံကြီး ရင်ခွဲရုံဆီ PR.015 နဲ့ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *