November 15, 2024
photo_2024-11-06_15-20-44

◾ အမေရိကန်အကျိုးစီးပွားဟာ ပထမလို့ အမြဲရည်မှန်းထားပြီး ရန်လိုမှု၊ ပဋိပက္ခတွေကို ရှာဖွေမှာမဟုတ်ဘဲ စီးပွားဖက်တွေအဖြစ်သာ လိုလားတယ်လို့ အောင်ပွဲရ မိန့်ခွန်းပြောကြား

၆.၁၁. ၂၀၂၄
Translated by Htwe Ko Tun

အမေရိကန်ပြည်ထောင်စုရဲ့ ၄၇ ယောက်မြောက် သမ္မတအဖြစ် ရွေးချယ်ခံခဲ့ရတဲ့ သမ္မတရွေးကောက်ပွဲဝင် ဒေါ်နယ်ထရန့်က သမ္မတအဖြစ်ရွေးချယ်ခံရအပြီးမှာပဲ အောင်ပွဲရ မိန့်ခွန်းအား သူ့အားထောက်ခံသူတွေကို ပြောကြားသွားခဲ့ပါတယ်။

ထရန့်က သူ့အနေနဲ့ ရိုးရိုးသားသားဝန်ခံရရင် အခုအချိန်ဟာ ထိခိုက်ကွဲပြားနေသမျှကို ပြန်လည်စုစည်း ဆောင်ရွက်ဖို့အချိန်ဖြစ်လို့ ရီပတ်ဘလစ်ကန်တွေ၊ ဒီမိုကရက်တွေနဲ့ နိုင်ငံတစ်ဝန်းလုံးက ပြည်သူတွေ အားလုံးစုစည်း ညီညွတ်ကြပါလို့ ဦးစွာပြောခဲ့ပါတယ်။ သူက သမ္မတအနေနဲ့အားလုံးသော အမေရိကန်နိုင်ငံသားတွေ အကျိုးဆောင်ရွက်သွားမယ်လို့လည်း ကတိပြုခဲ့ပါတယ်။

ထရန့်က နိုင်ငံရဲ့အခြေခံအဆောက်အအုံတွေကို ပြန်လည်တည်ဆောက်ကြမယ်လို့လည်း ပြောခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံတိုးတက်မှုကို နှစ်ဆမြှင့်တင်ပြီး ကမ္ဘာမှာစီးပွားရေးအင်အား အခိုင်မာဆုံးနိုင်ငံဖြစ်စေဖို့ ကြီးမားတဲ့စီးပွားရေးစီမံချက်နဲ့ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ တစ်ချိန်ထဲမှာ ကျွန်တော်တို့နဲ့လက်တွဲဆောင်ရွက်လိုတဲ့နိုင်ငံတိုင်း အတူတကွ လက်တွဲဆောင်ရွက်သွားမယ်လို့ ပြောခဲ့ပါတယ်။

သူက အမေရိကန်အကျိုးစီးပွားဟာ ပထမလို့ အမြဲရည်မှန်းကြောင်း ကမ္ဘာ့အသိုက်အဝန်းကို ပြောလိုတယ်လို့လည်း ဆိုခဲ့ပါတယ်။ ရန်လိုမှု၊ ပဋိပက္ခတွေကို ရှာဖွေမှာမဟုတ်ဘဲ စီးပွားဖက်တွေအဖြစ်သာ လိုလားတယ်လို့လည်း ပြောခဲ့ပါတယ်။

ဒီနောက်မှာတော့ ကျွန်တော့်ကို ဒီအချိန်မှာ အားပေးကူညီခဲ့သူတွေကို ကျေးဇူးတင်တယ်လို့ပြောလိုပါတယ်လို့ဆိုပြီး နောက်မှာရပ်နေတဲ့ဇနီးဖြစ်သူကို သွားရောက်နမ်းရှုတ်နှုတ်ဆက်ခဲ့ပါတယ်။ ဒီနောက်မှာတော့ ထရန့်က သူ့ရဲ့ မိဘတွေ ညီအစ်ကိုမောင်နှမတွေနဲ့ မိသားစုဝင်တွေအားလုံးကို ကျေးဇူးတင်စကား ပြောခဲ့ပါတယ်။

နောက်ဆုံးအနေနဲ့တော့ကျွန်တော်တို့ဟာ အမေရိကန်ပြည်သူတွေအတွက် အမြန်ဆုံးအလုပ်လုပ်သွားမှာဖြစ်ပြီး ခင်ဗျားတို့အနေနဲ့ ခင်ဗျားတို့ရဲ့ သမ္မတအတွက် ဂုဏ်ယူကြရပါစေမယ်လို့ ထရန့်က သူ့ကို ထောက်ခံသူတွေကို ပြောခဲ့ပါတယ်။

Ref-Fox

Leave a Reply

Your email address will not be published. Required fields are marked *