November 15, 2024
photo_2024-11-06_14-42-38

◾️ မြန်မာနိုင်ငံအခြေအနေများကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်ရေး ဆွေးနွေးခဲ့ပြီး ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံတို့မှလည်း အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပေးသွားမည်

၆. ၁၁. ၂၀၂၄
Written by Nyein Kyaw

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့၌ ကျင်းပပြုလုပ်မည့် အဋ္ဌမအကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေး အပါအဝင် ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ရန်ရောက်ရှိနေသည့် လာအိုနိုင်ငံဝန်ကြီးချုပ်နှင့် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်တို့အား သီးခြားစီတွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့ တွေ့ဆုံဆွေးနွေးရာ၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ယနေ့နံနက်ပိုင်းတွင် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် H.E. Mr. Hun Manet နှင့်အဖွဲ့ဝင်များအား Green Lake ဟိုတယ်၌ လည်းကောင်း၊ လာအိုနိုင်ငံဝန်ကြီးချုပ် H.E. Mr. Sonexay Siphandone နှင့် အဖွဲ့ဝင်များအား HUALUXE Kunming ဟိုတယ်၌လည်းကောင်း သီးခြားစီတွေ့ဆုံဆွေးနွေးခဲ့သည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယား၊ လာအိုနိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်နိုင်မည့်အခြေအနေများ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေများနှင့် လက်ရှိပကတိအခြေအနေများ၊ လွတ်လပ်၍ တရားမျှတသည့် ပါတီဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲတစ်ရပ် ကျင်းပနိုင်ရေးဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ အာဆီယံအဖွဲ့အတွင်း မြန်မာနိုင်ငံအနေဖြင့် အကောင်းဆုံး ပူးပေါင်းဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ အာဆီယံအစည်းအဝေးများတွင် မြန်မာနိုင်ငံမှ ပါဝင်နိုင်မှုအခြေအနေများ၊ မြန်မာနိုင်ငံ၌ ဖြစ်ပေါ်နေသည့် အခြေအနေများကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်ရန်လိုအပ်သည့် အခြေအနေများအား ဆွေးနွေးခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံနှင့် လာအိုနိုင်ငံတို့မှလည်း အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်သည့် အခြေအနေများ၊ မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယား၊ လာအိုနိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးမှုနှင့် သံတမန်ဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်များ၊ ချစ်ကြည်ရေးခရီးများ အပြန်အလှန် လည်ပတ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၊ ခရီးသွားကဏ္ဍ၊ လူမှုရေးကဏ္ဍနှင့် ယဉ်ကျေးမှုကဏ္ဍများမြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များနှင့် အခြားကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များစပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာအမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲများအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံတို့မှ ဝန်ကြီးချုပ်များသည် တက် ရောက်လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *