၆.၁၁.၂၀၂၄
Written By Thandar
မက္ကဆီကိုနိုင်ငံမှာ အိမ်ရှင်အနေနဲ့ ကျင်းပတဲ့ ၇၃ ကြိမ်မြောက် မယ်စကြာဝဠာအလှမယ်ပြိုင်ပွဲ Miss Universe 2024 ပြိုင်ပွဲကြီးမှာ ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ ဆွီဒင်-မြန်မာကပြား အလှမယ်သက်စံအန်ဒါဆန်က Voice For Change Project Fan Vote ဆန်ခါတင် Top 20 စာရင်းမှာ နံပါတ် ၁၆ နေရာမှာ ဝင်ရောက်နေပါတယ်။
မြန်မာအလှမယ် သက်စံအန်ဒါဆန်က မြန်မာလူငယ်တွေအနေနဲ့ ကိုယ်ပိုင်အတွေ့အကြုံ၊ ကိုယ်ပိုင်အရည်အချင်းတွေနဲ့ ကိုယ်တိုင်ကိုယ်ကျလေ့လာဆည်းပူးထားတဲ့ အတန်းပညာ၊ အသက်မွေးလမ်းကြောင်းပညာတွေကို ပေါင်းစပ်ပြီး ကြိုးစားနိုင်ရင် ကိုယ့်ရည်မှန်းချက်ပန်းတိုင်ကိုတော့ ရောက်ရှိနိုင်မယ်လို့ ယုံကြည်နေကြပါတယ်။
လူငယ်တွေလေ့လာဆည်းပူးနိုင်ဖို့ လိုအပ်တဲ့ ဗဟုသုတပညာရပ်တွေနဲ့ စိတ်ဓာတ်ခွန်အားတွေကို ပေးနိုင်ဖို့ ရည်ရွယ်တဲ့ Inclusive Education for Self-Sufficiency Project ကို ကြိုးပမ်းဆောင်ရွက်နေတဲ့ ၇၃ ကြိမ်မြောက် မယ်စကြာဝဠာ အလှမယ်ပြိုင်ပွဲရဲ့ Voice For Change Project မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။
Voice For Change ပြိုင်ပွဲဟာ ၇၃ ကြိမ်မြောက် မယ်စကြာဝဠာအလှမယ်ပြိုင်ပွဲရဲ့ အရေးပါတဲ့ တစ်စိတ်တစ်ပိုင်းမှာ ပါဝင်လျက်ရှိပြီးတော့ အလှမယ် သက်စံအန်ဒါဆန်အတွက် Voting စနစ်နဲ့ အားပေးနိုင်တယ်လို့ ဆိုပါတယ်။
ဆွီဒင်-မြန်မာကပြားဖြစ်တဲ့ မြန်မာအလှမယ် သက်စံအန်ဒါဆန်က Beauty Pageant တွေ ခန့်မှန်းထားကြရတဲ့ Hot Picks စာရင်းတွေလည်း ပါဝင်လာခဲ့ပြီး မကြာသေးမီက Missiology က ဖော်ပြထားတဲ့ 2nd Hot Pick စာရင်းမှာလည်း အလှမယ်အယောက် ၃၀အနက် Miss Universe Myanmar 2024 သက်စံအန်ဒါဆန်က No.20 နေရာမှာရောက်ရှိနေပါတယ်။
လက်ရှိ ပြိုင်ပွဲ ကာလတစ်လျှောက်မှာလည်း အလှမယ် သက်စံအန်ဒါန်ဆန်က အကောင်းဆုံး ယှဉ်ပြိုင်လျက်ရှိနေပြီး မြန်မာနိုင်ငံအတွက် ရလဒ်ကောင်းတစ်ခုကို ရယူနိုင်မယ်လို့ ပရိသတ်တွေက မျှော်လင့်နေကြပါတယ်။