၄- ၁- ၂၀၂၃
Written By Thandar
Lazy Club & Art Robots Band ဂီတမှူး နိုင်ဇော်ကတော့ “ချစ်ကြိုးမဲ့ရွှေသုန္ဒရီ” Instrumental Album ကို လွတ်လပ်ရေးနေ့မှာ ပရိသတ်ထံ လက်ဆောင်ပေးထားတယ်လို့ M T News ကို ပြောပါတယ်။
“တကယ်ဆိုရင် Instrumental Album က စီစဥ်နေတာ ကြာပါပြီ။ ပရိသတ်တချို့ တောင်းဆိုမှုကြောင့် CD မထွက်ခင် ကြိုဖြန့်ချိလိုက်တာပါ။ ပထမတော့ CD ရောင်းပြီးမှ အွန်လိုင်းတင်ကြတာများပါတယ်။ ပြည်တွင်း ပြည်ပ ပရိသတ်ကလည်း အွန်လိုင်းဝယ်ချင်ကြတယ်။ ငွေကြေးကိုလည်း မတန်တဆမယူချင်ဘူး။ ၁၅၀၀ နဲ့မို့ တော်တော်များများ လက်ရှိအားပေးနေကြလို့လည်း အကို့အနေနဲ့ ကျေနပ်မှုရရှိပါတယ်။ ဝမ်းလည်း သာပါတယ်။ ပရိသတ်က သီချင်းတွေကို ကြိုက်တယ်ပြန်ကြားရလို့ ကိုယ့်ရဲ့ဖန်တီးမူ အောင်မြင်တယ်လို့ ပြောလို့ရပါတယ်”လို့ ကိုနိုင်ဇော်က ပြောပါတယ်။
လက်ရှိ နယ်စပ်တချို့လမ်းပိတ်ထားတဲ့အတွက် Audio CD အခက်အခဲကြောင့် မထုတ်ဖြစ်တာလို့ သိရပါတယ်။ Instrumental Album Audio CD အရောင်းဆိုင်တွေမှာ မဖြန့်ချိခင်ကြိုတင်ပြီး နားဆင်လိုပါတယ်ဆိုတဲ့ တေးချစ်ပရိသတ်တွေအတွက် အမှတ်တရဖြစ်အောင် ပထမဆုံးအနေနဲ့ MP 3 File နဲ့အတူ သီချင်းစာသားတွေ CD Cover တွေ အပြည့်အစုံပါဝင်တဲ့ Data တွေကို ဒီနေ့ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်စတင် ရောင်းချပေးလျက်ရှိပါတယ်။
ချစ်ကြိုးမဲ့ရွှေသုန္ဒရီ MP 3 File မှာတော့ တေးသီချင်း ၇ ပုဒ်ပါ၀င်ပြီး တေးရေးဆရာအနေနဲ့ကတော့ မြန်မာပြည်သိန်းတန်သီဆိုထားတဲ့ ဂီတစာဆို စိန်မောင်မြင့်ရဲ့ တေးသီချင်း ၄ ပုဒ် ၊ ဦးသုမောင် တေးသီချင်း ၁ ပုဒ်၊ ကိုလွှမ်းမိုး သီဆိုခဲ့တဲ့ ချစ်ကြိုးမဲ့လေတံခွန် ၊ ဒေါ်မာမာအေး သီဆိုထားတဲ့ ပန်းတံတားပေါ် လျှောက်ပါ တေးသီချင်းတွေကို New Version ပြန်တီးထားတာဖြစ်ပါတယ်။
ဒီသီချင်းခွေကိုတော့ KBZ Pay – 09 5110432 ၊ Naing Zaw Acc ကနေ မြန်မာငွေ ကျပ် ၁၅၀၀ ကျပ်နဲ့ ဝယ်ယူနိုင်တယ်လို့ သိရပါတယ်။