၅.၁၁.၂၀၂၄
Written By Thandar
ဗီယက်နမ်နိုင်ငံမှာ ကျင်းပမယ့် Mr. World 2024 ပြိုင်ပွဲကြီးမှာ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ ရှမ်း တိုင်းရင်းသားဖြစ်တဲ့ Mister စိုင်းတောင့်လော@Sai Toung Law က ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် ယနေ့ နိုဝင်ဘာ ၅ ရက် မွန်းလွဲ ၁ နာရီက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ စတင်ထွက်ခွာခဲ့တယ်လို့ သိရပါတယ်။
“ကျွန်တော့်နာမည်ကတော့ စိုင်းတောင့်လောလို ခေါ်ပါတယ်။ ကျွန်တော်က ရှမ်းပြည်နယ် မြောက်ပိုင်း သီပေါမြို့ကပါ။ ရှမ်းတိုင်းရင်းသား တစ်ယောက်ဖြစ်ပါတယ်။ ကျွန်တော်က အင်္ဂလိပ်စာ ဆရာတစ်ယောက်အ နေနဲ့ ၅ နှစ်နီးပါးသင်ခဲ့ရတယ်။ ဒီအတွေ့အကြုံတွေကနေ တစ်ဆင့် သင်ခန်းစာတွေအပြင် သင်တန်းသူ၊ သင် တန်းသားတွေ အားလုံးကို သူတို့ကိုယ်သူတို့ လက်ခံတတ်စေဖို့အတွက်နဲ့ ချစ်မြတ်နိုးတတ်စေဖို့အတွက် သင်ကြားပေးနေပါတယ်။ ကျွန်တော် အခုလိုမျိုး ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာကလည်း ကျွန်တော့်ရဲ့ အတွေ့အကြုံ၊ သင်ခန်းစာတွေကို သုံးပြီး လူတိုင်းအားလုံးကို Empower ပေးချင်တာပါ။ သူတို့ကိုယ် သူတို့ လက်ခံတတ်စေဖို့အတွက် Beauty Pageant Platform ကို အသုံးပြုပြီး လူတွေအားလုံး ကိုယ့်ကိုယ်ကိုယ် လက်ခံတတ်ပြီး ချစ်ခင် တတ်စေဖို့သင်ကြားပေးချင်ပါတယ်။ ကျွန်တော့်အနေနဲ့ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ရမှာမို့လည်း ရင်ခုန်ပါတယ်”လို့ Mr. World Myanmar 2024 စိုင်းတောင့်လောက ပြောပါတယ်။
ယနေ့ နိုဝင်ဘာ ၅ ရက်ကနေ နိုဝင်ဘာ ၂၃ ရက်ထိ ဗီယက်နမ်နိုင်ငံက အိမ်ရှင်အနေနဲ့ ကျင်းပမယ့် Mr. World 2024 ပြိုင်ပွဲကို Mister စိုင်းတောင့်လောက ကမ္ဘာ့နိုင်ငံပေါင်း ၇၀ ကျော်က အလှမောင်တွေနဲ့ အတူ ဝင်ရောက်ယှဉ်ပြိုင်မှာလည်းဖြစ်ပါတယ်။
သူဟာ အသက် (၂၆) နှစ်အရွယ်ရှိပြီး ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နဲ့ မိုင် ၄၀ ဝေးတဲ့ ရှမ်းရွာတစ် ရွာဖြစ်တဲ့ တိမွမ်းရွာမှာ မွေးဖွားကြီးပြင်းခဲ့သူဖြစ်ပါတယ်။ စိုင်းတောင့်လောက ၂၀၁၉ ခုနှစ်က သီပေါမြို့မှာ စေတနာ့ဝန်ထမ်း အင်္ဂလိပ်စာဆရာအနေနဲ့ ရပ်တည်ပြီးတော့ ၂ နှစ်ကျော်ကြာ ကျောင်းသား ၁၀၀ ကျော်ကို အခမဲ့ သင်ကြားပေးခဲ့သူလည်းဖြစ်ပါတယ်။
Mr. World Myanmar 2024 စိုင်းတောင့်လောက လက်ရှိအချိန်မှာ Empower Education Campaign (EEC) ရဲ့ Founder အနေနဲ့ တာဝန်ထမ်းဆောင်လျက်ရှိပြီးတော့ ထောင်ပေါင်းများစွာသော တပည့်တွေကို မွေးထုတ်နေတဲ့ English Language ဆရာတစ်ဦးလည်း ဖြစ်ပါတယ်။