November 5, 2024

၅. ၁၁. ၂၀၂၄
Written by Nyein Kyaw

ပြီးခဲ့သည့် တစ်လခွဲအတွင်း ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ အလှူရှင်ပေါင်း ၂၅၁ ဦးက ရွှေစင်‌ရွှေပြား ၁၃၆ ချပ်အပါအဝင် ကျပ်သိန်းပေါင်း ၃၂,၀၀၀ ကျော် လှူဒါန်းခဲ့ကြောင်း ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ သိရသည်။

ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ စေတနာသဒ္ဓါတရား ထက်သန်စွာ လှူဒါန်းကြသော ငွေကျပ်တစ်သိန်းနှင့်အထက် အလှူရှင်များအား ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က (၅၈၉) ကြိမ်မြောက် ထုတိအနုမောဒနာ ချီးကျူးဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲနှင့် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချအလှူတော်မင်္ဂလာ အခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ရွှေတိဂုံစေတီတော်ရင်ပြင် တောင်ဘက်မုခ်ရှိ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ ကျင်းပသည်။

အလှူငွေပေးအပ်လှူဒါန်းပွဲတွင် ၂၀၂၄ ခုနှစ် စက်တင်ဘာ ၁ ရက်မှ အောက်တိုဘာ ၁၅ ရက်အထိ ရွှေသင်္ကန်းတော် ရွှေပြားအလှူရှင် ၁၁၅ ဦးက ခြောက်ကျပ်သား ရွှေပြား ၇ ချပ်၊ တစ်ကျပ်သား ရွှေပြား ၁၂၉ ချပ် စုစုပေါင်း ရွှေစင်ရွှေပြားအချပ် ၁၃၆ လှူဒါန်းခဲ့ကြပြီး ငွေသားအလှူရှင် ၁၃၀ အပါအ၀င် စုစုပေါင်း လှူဒါန်းငွေကျပ် ၃,၂၃၈,၀၉၅,၃၃၄ ကျပ် (ကျပ်သိန်းပေါင်း ၃၂,၃၀၀ ကျော်)ကို လှူဒါန်းခဲ့ကြကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *