November 5, 2024

၅. ၁၁. ၂၀၂၄
Written by Nyein Kyaw

လက်ရှိတွင် ဓာတ်မြေဩဇာ တန်ချိန် ၇၂၀,၀၀၀ ကျော် တင်သွင်းထားမှုမှ တောင်သူလယ်သမားများထံ တန်ချိန် ၅၁၃,၀၀၀ နီးပါးအထိ ဖြန့်ဖြူးရောင်းချပေးထားပြီး ဂိုဒေါင်လက်ကျန် တန်ချိန် ၂ သိန်းကျော် ကျန်ရှိနေသေးကြောင်း သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ယမန်နေ့က ပြုလုပ်သည့် ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့သည်။

ကုမ္ပဏီများ၏ တင်ပြချက်အရ ဓာတ်မြေဩဇာအတွက် လိုင်စင်ရရှိပြီး တန်ချိန် ၈၁၀,၅၀၁ ဒသမ ၂၄ တန်ရှိပြီး မတ်လလက်ကျန်နှင့် ဧပြီလမှစ၍တင်သွင်းပြီး တန်ချိန် စုစုပေါင်း ၇၂၁,၅၃၁ ဒသမ ၄ တန်ရှိကြောင်း၊ ဖြန့်ဖြူးရောင်းချပြီးမှုအနေဖြင့် တန်ချိန် ၅၁၂,၉၈၃ ဒသမ ၈၄ တန်ရှိပြီး ဂိုဒေါင်လက်ကျန်အနေဖြင့် တန်ချိန် ၂၀၈,၅၄၈ ဒသမ ၀၉ တန်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

ပိုးသတ်ဆေးအတွက် လိုင်စင်ရပြီး တန်ချိန် ၁၂,၇၇၂ ဒသမ ၃၇ တန်ရှိကာ မတ်လလက်ကျန်နှင့် ဧပြီလမှစ၍ တင်သွင်းပြီးတန်ချိန် စုစုပေါင်း ၁၉,၃၀၈ ဒသမ ၇၆ တန် ရှိကြောင်း၊ ဖြန့်ဖြူးရောင်းချပြီးမှုအနေဖြင့် တန်ချိန် ၁၅,၉၇၈ ဒသမ ၁၈ တန်ရှိပြီး ဂိုဒေါင်လက်ကျန်အနေဖြင့် တန်ချိန် ၃,၃၃၀ ဒသမ ၅၈ တန်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

ထုတ်ပြန်ထားသော ရည်ညွှန်းဈေးနှုန်းများမှာ အောက်တိုဘာ ၃၁ ရက်တွင် သတ်မှတ်ကာလပြည့်ပြီဖြစ်သည့်အတွက် ဈေးနှုန်းထပ်မံသတ်မှတ်ရမည်ဖြစ်ပြီး ယှဉ်ပြိုင်ဈေးနှုန်းစနစ်ဖြင့် ဆောင်ရွက်လျက်ရှိကာ သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်များရှိ အရောင်းဆိုင်များအား ရန်ကုန်အထိုင် ရည်ညွှန်းဈေးနှုန်းကိုအခြေခံ၍ ဒေသအလိုက် သယ်ယူပို့ဆောင်စရိတ်နှင့် အရောင်းဆိုင်အမြတ်တို့အပေါ် ပိုမိုရောင်းချနေမှုရှိပါက စိစစ်ကြီးကြပ်ဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီးက မှာကြားခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *