November 5, 2024

၅.၁၁.၂၀၂၄
Written By Thandar

ပရိသတ်စိတ်ဝင်စားမှုမြင့်တက်ခဲ့တဲ့ Miss Grand International 2024 ပြိုင်ပွဲကတစ်ဆင့် လူသိများလာတဲ့ National Director ထူးအံ့လွင်ကတော့ လူတွေအားလုံးရဲ့ မေတ္တာကိုစော်ကားတဲ့ MGI လို ပွဲမျိုးနဲ့ လုံးဝအလုပ်ဆက်မလုပ်ကိုင်တော့သလို တခြား အလှမယ်ပြိုင်ပွဲတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ဆိုပါတယ်။

“ကျွန်တော်က National Director တစ်ယောက်အနေနဲ့က မြန်မာနိုင်ငံအနေနဲ့ဆိုရင်တော့ ကြီးကျယ်မြင့်မြတ်တယ်ပြောလို့ရတယ်။ နောက်ကွယ်မှာ ကျွန်တော် ကြိုးစားခဲ့ရတာတွေက သူ့ပေးတဲ့ မက်လုံးတွေနဲ့စာရင် ဒီအရာက ဘာမှမဟုတ်ဘူးလေ။ ကိုယ့်နောက်မှာ နိုင်ငံကိုယ်စားပြုမို့ Fan တွေ အများကြီးရှိတယ်။ သူတို့အားလုံးက သဲသဲကို Winner ရစေချင်လို့ အဆင်မပြေမှုတွေများစွာထဲက ပိုက်ဆံအကုန်အကျခံပြီးတော့ အားပေးကြတယ်။ Popular Voting လုပ်ပေးတာလေ။ ချစ်ခြင်းမေတ္တာတွေကြည့်ရင် ဒီဆု 2nd Runner Up က ဘာမှမဟုတ်တော့ဘူးလေ။ ထပ်သွားနေရင် ကျွန်တော့် မြန်မာကို ထပ်နှိမ့်ခံနေရမယ်။ ဒီဆုကို မရွေးချယ်လိုက်တာ ကျွန်တော်တို့အတွက် ပိုကောင်းပါတယ်။ ဒီညမှာ လဲကျမလိုဖြစ်နေတဲ့ သဲသဲကိုပဲ ထိန်းပြီး ဟိုတယ်ပြန်လာခဲ့ပါတယ်။ ပြိုင်ပွဲကာလတစ်လျှောက်မှာလည်း ဝေဖန်တိုက်ခိုက် ထိုးနှက်မှုတွေမျိုးစုံ ကြုံခဲ့ရတယ်။ ဆုတွေပေးလို့ရရဲ့သားနဲ့ နှစ်သိမ့်ဆုအနေနဲ့ ဆုပေးခဲ့တာပါ။ ကျွန်တော်မွေးထုတ်ထားတဲ့ သမီးလို့လည်းပြောလို့ရသလို ညီမလေးလိုပြောလို့ရတဲ့ သဲစုညိမ်းအတွက် အကောင်းဆုံး လုပ်ဆောင်ခဲ့တယ်။ ကျွန်တော်တို့ Popular Vote ချိန်မှာ ပထမဗီယက်နမ်က များနေတာပါ။ မြန်မာအတွက် ထက်လိုက်ဖို့က System Error Down သွားလို့ မလိုက်နိုင်ချိန်မှာ ဗီယက်နမ်ရမယ် ထင်ခဲ့တယ်။ ပရိသတ်ရဲ့ ရင်ထဲကအားပေးမှုကြောင့် ကျွန်တော်တို့ ဒီနေရာတစ်ခု ရောက်လာကြတယ်။ လူတွေ အားလုံးရဲ့ မေတ္တာကိုစော်ကားတဲ့ MGI လို ပွဲမျိုး လုံးဝဆက်မကိုင်တော့ပါဘူး။ ထပ်ပြီး Support လုပ်ပေးစရာလည်းမလိုဘူး” လို့ Miss Grand International 2024 National Director ထူးအံ့လွင်ကပြောပါတယ်။

အဆိုပါ ပြိုင်ပွဲညက သဲစုညိမ်းရဲ့ Crown၊ ဆုစလွယ်ကို MGI အဖွဲ့ဝင် အလှမယ် နီနီလင်းအိမ်က တစ်ဆင့် ပြန်လည်အပ်နှံခဲ့တယ်လို့ သိရပါတယ်။ National Costume၊ Country Of The Year ဆုလည်း မပေးအပ်ဘဲ နှစ်သိမ့်ဆုအနေနဲ့ ပေးအပ်ခဲ့တဲ့အတွက် ပြန်လည်အပ်နှံခဲ့တယ်လို့ ဆိုပါတယ်။ ယခင် Miss Popular Award အမှတ်အများဆုံးက ဗီယက်နမ်ဖြစ်နေပြီးတော့ ဆုကြေညာချိန်မှာ အင်ဒိုနီးရှားက ရရှိသွားတာလည်းဖြစ်ပါတယ်။

“ကျွန်တော့်အနေနဲ့ ကိုယ်သဘောကျတဲ့အရာတစ်ခုကို စွန့်လွှတ်မှာမဟုတ်ဘူး။ တခြား Beauty Pageant တခြားပွဲကို ဆက်လက်လုပ်ကိုင်နိုင်ဖို့ ကြိုးစားသွားမှာပါ။ နယ်ပယ်တစ်ခုမှာ ဆက်လုပ်သွားဦးမှာပါ။ နောက်ထပ် မျိုးဆက်သစ်တွေကို ဆက်မွေးထုတ်ပါမယ်။ ကိုယ်တိုင်ဝါသနာပါလို့ ဒီအလုပ်တွေကိုလုပ်တာပါ။ ငွေမက်လို့ လုပ်တာ မဟုတ်ပါဘူး ” လို့ သူက ဆက်ပြောပါတယ်။

#သဲစုညိမ်း #ThaeSuNyein

#သဲသဲ #ThaeThae #ထူးအံ့လွင်

#HtooAntLwin #MissGrandMyanmar #MissGrandInternational2024

#2ndRunnerUpMissGrandInternational2024

Leave a Reply

Your email address will not be published. Required fields are marked *