November 5, 2024

၅.၁၁.၂၀၂၄
Written By Thandar

“နွေလယ်ညရဲ့ လမင်း” ဇာတ်လမ်းတွဲက ဖူးဝေကာရိုက်တာနဲ့ ပရိသတ်ချစ်ခင်မှုရရှိလာတဲ့ သရုပ်ဆောင် သံသာညီကတော့ လူတွေရဲ့ ဥပက္ခာပြုတာတွေခံရသလို ငြင်းပယ်တာတွေခံရလို့ စိတ်ဓာတ်ကျချိန်တွေရှိခဲ့တယ်လို့ ဆိုပါတယ်။

“နွေလယ်ညရဲ့လမင်း ဇာတ်လမ်းတွဲက သာ ပျောက်သလို ဖြစ်သွားခဲ့တယ်ပေါ့နော်။ သာ ငယ်ရွယ်စဉ်က ရိုက်ခဲ့တဲ့ ဇာတ်ကားလေးက အမှတ်တရပါပဲ။ သာ့အနေနဲ့ လူတိုင်းက ပန်းတိုင်ကို ရောက်အောင်သွားနေတာပဲလေ။ တစ်ခါတလေ စိတ်ဓာတ်ကျတာရှိတာပေါ့။ ကိုယ့်ကို ဥပက္ခာပြုတာလည်း ခံခဲ့ရတယ်။ သာ့ကို ငြင်းပယ်ခံရတာလည်းရှိတယ်။ ဘဝက ဒီအတိုင်းပြီးသွားတာမို့ တစ်နေရာရာတော့ အဆင်ပြေမယ့်လို့ သာ တွေးလိုက်တယ်” လို့ သရုပ်ဆောင် သံသာညီက ပြောပါတယ်။

သူမကတော့ ဘန်ကောက်မှာ ကြေညာရိုက်ကူးဖို့ စာချုပ်တွေချုပ်ဆိုထားတော့ ဇာတ်ကားရိုက်ကူးဖို့တွေလည်း လက်လွှတ်လိုက်ရတာတွေ ကြုံခဲ့တယ်လို့ဆိုပါတယ်။ သံသာညီကတော့ အသက် ၁၉ နှစ်အရွယ်ထဲက အနုပညာလောကထဲ ဝင်လာခဲ့သူလည်းဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားကြီးတချို့မှာ ဗန့်ကာရိုက်တာ ဒရာမာဇာတ်ကားတွေနဲ့ ပြန်မြင်ရမယ်လို့ဆိုပါတယ်။

“တကယ်တော့ အမှန်အတိုင်းပြောရရင် သာ့ရဲ့ ၂၀၂၃ ခုနှစ်က စိတ်တော်တော်ကုန်ခဲ့တဲ့နှစ်လို့လည်း ပြောလို့ရတယ်။ ဘဝမှာ တစ်ခါမှ ရုပ်ရှင်ကားကြီး မရိုက်ဖူးဘူး။ ဒီနှစ် ၂၀၂၄ မှ သာက စပြီး ရုပ်ရှင်ကားကြီး စရိုက်ဖြစ်တာပါ။ သာ့ကို ကမ်းလှမ်းလာတာက တရုတ်မှာ သွားရိုက်ဖို့ပြောတာလေ။ အခွင့်အရေးက ကိုယ် မမျှော်လင့်ထားတာ။ ဒါကို အရမ်းပျော်ခဲ့တယ်။ ပြည်ပထွက်ဖို့ လျှောက်ထားတာလည်း နောက်ကျတော့ မသွားဖြစ်ဘဲ ပျက်သွားတာဆိုတော့လေ။ ဒီကားရိုက်မယ်ဆိုတာကြောင့် သာ လက်လွှတ်လိုက်ရတာတွေ ရှိခဲ့တယ်။ ပွဲတက်လည်း ဘန်ကောက်မှာ သာ လက်လွှတ်ရတယ်။ စရန်ယူထားတော့ ထိုင်စောင့်နေခဲ့ရတာ။ တစ်နှစ်ကျော်လောက်ကြာခဲ့တာလေ။ မျှော်လင့်ပြီး ပျက်သွားတော့ စိတ်ဒဏ်ရာရခဲ့တယ်။ တော်တော်လေးကို လွဲချော်မှုတွေများသွားတာ ၂၀၂၃ ကလေ။ သာ့အနေနဲ့ ဘာမှလည်း မလုပ်ချင်ဘူး။ စိတ်ညစ်ခဲ့ရတယ်လေ”လို့ သူမက ဆက်ပြောပါတယ်။

#သံသာညီ #ThanTharNyi

#မြန်မာသရုပ်ဆောင် #MyanmarActress #MyanmarCele

Leave a Reply

Your email address will not be published. Required fields are marked *