November 5, 2024

၅.၁၁. ၂၀၂၄
Written by Shwe Phyo

ရုရှားနှင့် တရုတ်နိုင်ငံတို့ ဦးဆောင်သော Brics အဖွဲ့ထဲသို့အဖွဲ့ဝင်အဖြစ် ပါဝင်ခွင့်မရသေးခြင်းကြောင့် အာဆီယံသည် အသုံးမဝင်သောအဖွဲ့စည်းမျိုးဖြစ်လာခဲ့ကြောင်း သုံးသပ် ခန့်မှန်းဖော်ပြမှုများအရ သိရသည်။

အဆိုပါအဖွဲ့သို့ အဖွဲ့ဝင်နိုင်ငံအဖြစ် ပူးပေါင်းပါဝင်ရန် အာဆီယံအဖွဲ့ဝင်နိုင်ငံများ စိတ်ဝင်စားခြင်းသည် ဒေသအတွင်း ပထဝီနိုင်ငံရေးကို အကာကွယ်ရယူနိုင်ရန်နှင့် အာဆီယံ၏သြဇာ ပိုမိုကြီးမားလာစေရန် ရည်ရွယ်ခြင်းဖြစ်သည်။

Brics အဖွဲ့ ထိပ်သီးအစည်းဝေးကို ရုရှားနိုင်ငံ၊ ကာဇန်မြို့တွင် နောက်ဆုံးအကြိမ်ကျင်းပခဲ့ပြီး ကမ္ဘာတဝှမ်းရှိ နိုင်ငံများမှ နိုင်ငံ့ခေါင်းဆောင်များနှင့် အစိုးရအဖွဲ့တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

နိုင်ငံအများစုသည် အနောက်အုပ်စုနိုင်ငံများ ဦးဆောင်သောစနစ်ကို အပြောင်းအလဲလုပ်ဆောင်ရန် Brics အဖွဲ့ထဲသို့ အဖွဲ့ဝင်အဖြစ် ပူးပေါင်းပါဝင်ရန် ကြိုးပမ်းခဲ့ကြောင်းသိရသည်။

Brics အဖွဲ့ဝင်နိုင်ငံများစာရင်းတွင် အီဂျစ်၊ အီသီယိုပီးယား၊ အီရန်နှင့် ယူအေအီးနိုင်ငံတို့ ပူးပေါင်းပါဝင်နေပြီး မိတ်ဖက်နိုင်ငံများစာရင်းတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများထဲမှ အင်ဒိုနီးရှား၊ မလေးရှား၊ ဗီယက်နမ်၊ ထိုင်းနိုင်ငံတို့ ပါဝင်လာခဲ့ကြောင်း သိရသည်။ အဆိုပါထိပ်သီးအစည်းအဝေးကို လာအိုဝန်ကြီးချုပ်တက်ရောက်ခဲ့သလို မြန်မာနိုင်ငံကလည်း လေ့လာခွင့်ရနိုင်ငံအဖြစ် ပူးပေါင်းပါဝင်ရန် စိတ်ဝင်စားနေသည်။

မိတ်ဖက်နိုင်ငံများအဖြစ် ယခုပါဝင်ခွင့်ရလာခဲ့သည့် အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့၏ စုစုပေါင်းလူဦးရေ သန်းပေါင်း ၄၈၀ ကျော်ရှိနေပြီး အာဆီယံဒေသအတွင်းရှိ လူဦးရေ၏ ၇၀ ရာခိုင်နှုန်းဖြစ်ကြောင်းသိရသည်။ အဆိုပါ လေးနိုင်ငံ၏ Brics အဖွဲ့ဝင်နိုင်ငံအဖြစ် ပူးပေါင်းပါဝင်ရန် စိတ်ဝင်စားခြင်းသည် အာဆီယံ၏ သဟဇာတဖြစ်မှု၊ အဖွဲ့၏ အရေးပါသောအခန်းကဏ္ဍနှင့် ကမ္ဘာစီးပွားရေးအစီအစဉ်မျာကို သက်ရောက်မှုဖြစ်ဖွယ်ရှိနေသည်။

Brics အဖွဲ့ကို ၂၀၀၆ ခုနှစ်တွင် တရုတ်၊ ရုရှား၊ အိန္ဒိယနှင့် ဘရာဇီးနိုင်ငံတို့ ဖန်တီးတည်ထောင်ခဲ့ပြီး ၂၀၁၀ ပြည့်နှစ်တွင် တောင်အာဖရိကနိုင်ငံ ပူးပေါင်းပါဝင်လာပြီးနောက် Brics အဖွဲ့ကို ဖွဲ့စည်းလိုက်ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင်အမြဲတမ်းအဖွဲ့ဝင်နိုင်ငံ၉နိုင်ငံရှိနေကြောင်းသိရသည်။

Ref, SCMP

Leave a Reply

Your email address will not be published. Required fields are marked *