၄.၁၁.၂၀၂၄
Written By Thandar
မျိုးဆက်သစ်အလှမောင်/မယ်တွေ ပါဝင်ထားကြတဲ့ Little Mister & Miss Burma 2024 Grand Final ပြိုင်ပွဲကို နိုဝင်ဘာ ၃ ရက် ညပိုင်းက ရန်ကုန်မြို့ ပြည်လမ်းရှိ The Corriander Leaf Yangon မှာ ကျင်းပခဲ့ပါတယ်။
“သော်သော်က မျိုးဆက်သစ် အလှမောင်/မယ်တွေကို မွေးထုတ်ပေးချင်ခဲ့တာပါ။ ခုလို ငယ်ငယ်ထဲက ပြိုင်ပွဲအတွေ့အကြုံရရှိပြီးတော့ တစ်ချိန်မှာ အရွယ်တစ်ခုရောက်ရင် စတိတ်စင်ဆိုတာကို ကလေးက ရှိန်မနေအောင်ပါ။ ဒီပြိုင်ပွဲတွေကတစ်ဆင့် တစ်ချိန်မှာ သူတို့အနာဂတ်တွေ ပိုတောက်ပနိုင်မယ်လိုလည်း မျှော်လင့်ပါတယ်”လို့ Soe San Event Production Founder သော်သော် က MT Entertainment ကို ပြောပါတယ်။
ဒီပြိုင်ပွဲဝင်တွေရဲ့ Title ဆုတွေအနေနဲ့ Best Photogenic Award နဲ့ Best Catwalk Award နေခြည်လင်းထက်၊ Best Evening Gown Award နဲ့ Best Smile Award အိန္ဒြေမဉ္ဇူ၊ Best Smile Award ဆုကို ဆက်သုန္ဒီလင်း၊ Best Smile Award ရွှန်းရတီကျော်၊ Best Catwalk Award သွန်းရတီလွင်၊ Best Catwalk Award မေပွင့်လွှာချယ်၊ Best Catwalk Award လာရီကင်း၊ Lotte Miss Smart Award သက်ထားအိမ်၊ Best Kid Award မွန်မြတ်သန့်ဇင်၊ Best Style Award Sunshine၊ Best Style Award ဝင်းခန့်ကျော် စတဲ့သူတွေကို ဆုပေးအပ်ခဲ့ပါတယ်။
အဆိုပါ ပြိုင်ပွဲမှာ ဆုတွေအနေနဲ့ Baby Miss Runner ဆုကို သက်ထားအိမ်၊ Mini Miss 1st Runner Up ကို Sunshine၊ Little Miss 1st Runner Up ဆုကို နေခြည်လင်းထက်၊ Baby Miss Winner ဆုကို သွန်းရတီလွင်၊ Mini Miss Winner ဆုကို မေပွင့်လွှာချယ်၊ Little Miss Winner ဆုကို အိန္ဒြေမဉ္ဇူ ၊ Pre Teeth Miss လာရီကင်း၊ Mini Mister Winner ဆုကို ဟန်လင်းသန့်၊ Little Mister Winner ဆုကို လမင်းအိမ်တို့က ရရှိခဲ့ကြပါတယ်။