November 5, 2024

◾ လုယက်သည့် တရားခံကို ရဲတပ်ဖွဲ့က ချက်ချင်းဖမ်းဆီးနိုင်ခဲ့

၃.၁၁.၂၀၂၄
Written By Zun

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့ပေါ်တွင် ရွှေဆိုင်အတွင်း လုယက်မှုတစ်ခု ယနေ့ နိုဝင်ဘာ ၃ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း နယ်မြေခံ တာဝန်ရှိသူများထံမှ သိရသည်။

ထန်းတပင်မြို့၊ အမှတ် (၂)ရပ်ကွက်၊ ဘုရင့်နောင်လမ်းရှိ ဆန်းသော်တာ ရွှေဆိုင်အတွင်း လူတစ်ဦးဝင်ရောက်လာကာ ရွှေလက်စွပ် ဝယ်ယူမည်ဖြစ်ကြောင်းပြော၍ အရောင်းဝန်ထမ်းက ရွှေထည်လက်စွပ်များ ထုတ်ယူပြသစဉ် အမျိုးသားက အသင့်ပါလာသော ဓားဖြင့် ဆိုင်ပိုင်ရှင် ဦးအောင်လွင်၏ လည်ပင်းကို ထောက်ကာ ပစ္စည်းများကို ပေးရန် ပြောဆိုခဲ့ကြောင်း သိရသည်။

ထိုအချိန်တွင် လုယက်သူကို နယ်မြေလှည့်ကင်းဆောင်ရွက်နေသော ဒုရဲအုပ် ဦးဆောင်သည့်အဖွဲ့က ဆိုင်အတွင်း ဝင်ရောက်၍ ရွှေဆိုင်လုံခြုံရေးတာဝန်ခံ ဦးကံချွန်နှင့်အတူ ဖမ်းဆီးမိခဲ့ကြောင်း သိရသည်။

အဆိုပါ ကျူးလွန်သူမှာ ထန်းတပင်မြို့နယ်၊ ထိန်နှစ်ပင်ကျေးရွာမှ အသက် ၂၀ ကျော်အရွယ် ပြည့်စုံထွန်း ဆိုသူ ဖြစ်ပြီး ထန်းတပင်မြို့မရဲစခန်းက လုယက်မှုဖြင့် အမှုဖွင့်ထားကြောင်းသိရသည်။

“ရုပ်ရှင်ပုံစံပေါ့ဗျာ။ သိတယ်မလား။ ဆိုင်ထဲကိုဝင်လာတယ်။ ရွှေလက်စွပ်ကိုဝယ်မယ်ဆိုလို့ ထုတ်ပြတယ်။ အဲဒီအချိန်မှာ ပိုင်ရှင်ကို သိုင်းဖက်ပြီးတော့ သူ့မှာပါတဲ့ဓားနဲ့ မလှုပ်နဲ့ဆိုပြီး လည်ပင်းကို ထောက်ထားတာ။ ရုပ်ရှင်ထဲက လိုပဲ။ အဲဒီအချိန်မှာ လှည့်ကင်းကလည်းရှိနေတော့ တန်း တိုးတာပဲလေ”ဟု အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူက MT News ကို ပြောသည်။

အခင်းဖြစ်ပွားစဉ် ရုန်းရင်းဆန်ခတ်ဖြစ်သောကြောင့် ရွှေဆိုင်ပိုင်ရှင် ဦးအောင်လွင်မှာ ဓားပြတ်ရှဒဏ်ရာ အနည်း ငယ် ရရှိခဲ့ကြောင်း ဒဏ်ရာများမှာ မစိုးရိမ်ရကြောင်းလည်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *