၃ .၁၁ .၂၀၂၄
Written by MMAK
◾ စပါး Vs အက်စတွန်ဗီလာ
စပါးအသင်းက အိမ်ကွင်းကောင်းတယ်ဆိုတာ အားလုံးသိပြီးသား ဖြစ်သလို ဗီလာအသင်းကလည်း ခြေစွမ်းကောင်းနေတာ ဖြစ်တဲ့အတွက် ဒီပွဲကို ပေါက်ကြေးအရ ရွေးချယ်ထားပါတယ်။ ဒီပွဲမှာ စပါးအသင်းက သရေအရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးလေးဆယ်အရှုံး ဖြစ်ပါတယ်။ စပါးအသင်းအနေနဲ့ မနိုင်ဘူးဆိုရင် ပြားငါးဆယ်လောက်သာ ပေးရမှာ ဖြစ်ပြီး စပါးအသင်းရဲ့ ဒီပေါက်ကြေးက စပါးအသင်းအနိုင်ရသွားမယ်ဆိုတဲ့ ပေါက်ကြေးမျိုး ဖြစ်ပါတယ်။ ဗီလာအသင်းက ကြားရက်မှာကစားခဲ့တဲ့ ကာရာဘောင်ဖလားပွဲမှာဆို ပဲလေ့စ်အသင်းကို အိမ်ကွင်းမှာ အရှုံးပေးပြီး ပြိုင်ပွဲကနေ ထွက်သွားခဲ့ပါတယ်။ ဒါဟာ ပြိုင်ပွဲစုံ ကစားနေရတဲ့ ဗီလာအသင်း ကစားသမားအင်အား မလုံလောက်ဘဲ ကစားသမားတွေ ပွဲပန်းနေတာကြောင့်လို့ ထင်ပါတယ်။ တကယ်လို့ ဗီလာအသင်းကသာ နိုင်သွားရင် စပါးအသင်းနဲ့ ရှစ်မှတ်ပြတ်သွားမှာဖြစ်ပြီး အာဆင်နယ်နဲ့ ချဲလ်ဆီးအသင်းတို့ရဲ့ အထက်ကိုရောက်မှာ ဖြစ်လို့ ဒီလို ဖြစ်လာစရာ အကြောင်းမရှိပါဘူး။ စပါးအသင်းအနေနဲ့ အမှတ်ကွာဟချက်တွေ လျော့ချထားဖို့ လိုအပ်သလို ဒီပေါက်ကြေးအရ အိမ်ရှင်စပါးအသင်း သေချာပေါက် အနိုင်ရသွားမယ်ဆိုတဲ့ ပေါက်ကြေးမျိုး ဖြစ်တဲ့အတွက် စပါးအသင်းကို ကြိုက်ပါတယ်။
◾ မန်ယူ Vs ချဲလ်ဆီး
တနင်္ဂနွေညရဲ့ အကောင်းဆုံး ပွဲစဥ်တစ်ခု ဖြစ်ပြီး မန်ယူအသင်းက အနိုင်ရသွားမလား ချဲလ်ဆီးအသင်းကပဲ မန်ယူအိမ်ကွင်းမှာ အနိုင်မရတာ ကြာမြင့်နေတဲ့ စံချိန်တွေကို ချိုးဖျက်သွားမလား စောင့်ကြည့်ရဦးမှာပါ။ မန်ယူအိမ်ကွင်းမှာ ချဲလ်ဆီးအသင်း မနိုင်ခဲ့တာ ဆယ်စုနှစ်နီးပါး ရှိပြီဖြစ်သလို ကစားသမားတွေနဲ့ ပရိသတ်တွေ သဘောမကျတဲ့ နည်းပြတန်ဟဂ်ကိုလည်း ထုတ်ပယ်လိုက်ပြီ ဖြစ်ပါတယ်။ လက်ထောက်နည်းပြ လုပ်နေပြီး ကစားသမားဟောင်း နစ္စတယ်ရွိုင်း ကိုင်တွယ်ထားတဲ့ ပထမဆုံးပွဲမှာ လက်စတာအသင်းကို ဂိုးပြတ်အနိုင်ရခဲ့ပါတယ်။ ဒီလို အခြေအနေကောင်းတွေ ပိုင်ဆိုင်ထားသလို မန်ယူအိမ်ကွင်း ဖြစ်နေပေမဲ့ ပြားတစ်ဆယ်လောက်တောင် ကြေးကြောပေးမထားနိုင်ဘဲ ဘော်ဒီကြေး ဒဲ့ပေါက်နေပြီး ဂိုးပေါင်းကြေး သုံးလုံးငါးဆယ် အရှုံးဆိုပြီး ဂိုးပေါင်းကြေးကိုတော့ ခပ်မာမာ ပေးထားပါတယ်။ ခြေစွမ်းအရ ချဲလ်ဆီးအသင်းက ပိုကောင်းတာမှန်ပေမဲ့ မန်ယူအိမ်ကွင်း ဖြစ်နေတာကြောင့် ခြေစွမ်းသိပ်မကွာဘူးလို့ သတ်မှတ်ထားပြီး ဘွတ်ကီတွေက မန်ယူဘက်မှာ ရှိမနေတာကို တွေ့ရပါတယ်။ လက်ရှိအချိန်မှာ ထိုးသားအားလုံး မန်ယူဘော်ဒီနဲ့ ဂိုးပေါ် ဖြစ်နေချိန်မှာ ဂိုးအောက်တစ်မျိုးတည်း ကစားစေချင်ပါတယ်။ မန်ယူနိုင်ရင်လည်း နှစ်ဂိုးတစ်ဂိုးလောက် ဖြစ်နိုင်ပြီး မနိုင်ရင် တစ်ဖက်တစ်ဂိုးစီလောက်နဲ့ ပွဲပြီးမှာပါ။ ဒီပွဲကို အများဆုံး သုံးဂိုးလောက်ဘဲ မြင်ရမယ်လို့ ထင်တာကြောင့် ဂိုးအောက်တစ်မျိုးတည်း ရွေးချယ်ပေးချင်ပါတယ်။
◾ ဘာစီလိုနာ Vs အက်စ်ပန်ညို
ဟန်ဆီဖလစ်ကိုင်နေတဲ့ ဘာစီလိုနာအသင်းက တော်တော်ကို ခြေစွမ်းကောင်းလွန်းနေပြီး နောက်ဆုံးနှစ်ပွဲမှာ ဘိုင်ယန်အသင်းကို ဂိုးပြတ်နိုင်ပြီး ရီရဲမက်ဒရစ်အိမ်ကွင်းမှာ လေးဂိုးပြတ် ထပ်နိုင်ပြန်ပါတယ်။ နောက်ဆုံးငါးပွဲဆက် စုံပေါ်အောင်ထားသလို ဒီအခြေအနေမှာ ဘာစီလိုနာအသင်းကို ထိုးသားတိုင်း အထင်ကြီးနေတာ ဖြစ်လို့ သတိထားသင့်ပါတယ်။ ဒီပွဲမှာ ဘာစီလိုနာအသင်းက ဘော်ဒီကြေး သုံးလုံးခြောက်ဆယ်စားပေးထားပြီး ဂိုးပေါင်းကြေး လေးလုံးတစ်ဆယ်အရှုံး ဖြစ်ပါတယ်။ ဘော်ဒီကြေးနဲ့ ဂိုးပေါင်းကြေး မမျှတဘဲ စုံမအောင်နိုင်တဲ့ ပေါက်ကြေးမျိုး ဖြစ်ပါတယ်။ ဘာစီလိုနာနဲ့ အက်စ်ပန်ညိုအသင်းက ကတ်တလန်ဒါဘီပွဲ ဖြစ်ပြီး အက်စ်ပန်ညိုအသင်း ဘယ်လောက်ညံ့နေပါစေ ဘာစီလိုနာနဲ့ တွေ့ရင် အသေအလဲ ကြိုးစား ကစားတတ်တဲ့ အသင်းဖြစ်ပါတယ်။ ဘာစီလိုနာအသင်းမှာ မက်ဆီတို့ နေမာတို့ ရှိတုန်း အချိန်ကတောင် အက်စ်ပန်ညိုက မာမာထန်ထန် တုံ့ပြန်ကစားတတ်ပြီး ဘာစီလိုနာအသင်း ဂိုးပြတ်နိုင်ဖို့ ခက်ခက်ခဲခဲ ကစားရပါတယ်။ ဒီပွဲက ဘာစီလိုနာအသင်း ကြေးကျအောင်ကစားဖို့ သိပ်ကောင်းတဲ့ ပွဲစဥ်ဖြစ်လို့ ဒီပွဲမှာ အက်စ်ပန်ညို ဘော်ဒီကို ရွေးချယ်ပေးချင်ပါတယ်။
◾ ဖရိုင်းဘတ် Vs မိန့်စ်
တနင်္ဂနွေညမှာ ပွဲနည်းတဲ့အတွက် ထိုးသားတွေ လူကြိုက်များလာနိုင်တဲ့ ပွဲတွေကို ဘက်ကန်ထားပြီး ဘွတ်ကီနဲ့အတူ နေထိုင်သင့်ပါတယ်။ အိမ်ရှင်ဖရိုင်းဘတ်အသင်းက တစ်လုံးငါးဆယ်စား ပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးခုနှစ်ဆယ်စား ဖြစ်ပါတယ်။ ဖရိုင်းဘတ်ဘော်ဒီရော ဂိုးပေါ်ရော နေချင်စရာ အရမ်းကောင်းလွန်းနေပါတယ်။ အိမ်ကွင်းကောင်းတဲ့ ဖရိုင်းဘတ်အသင်းနဲ့ အဝေးကွင်းကောင်းတဲ့မိန့်စ်အသင်းတို့ ထိပ်တိုက်တွေ့ဆုံမှုမှာ ထိုးသားတွေ အကြိုက်များတဲ့ အိမ်ရှင်ဖရိုင်းဘတ်အသင်းကို မကြိုက်ပါဘူး။ ဒီပွဲမှာ မိန့်စ်အသင်း ဂိုးရသွားနိုင်ပြီး သရေပွဲ ဖြစ်ရင်ဖြစ် မဖြစ်လို့ ဖရိုင်းဘတ်အသင်း နိုင်ရင်တောင် တစ်ဂိုးထပ် မပိုဘူးလို့ ထင်တဲ့အတွက် ပြားငါးဆယ်နဲ့ အပြည့်နဲ့ ရင်းရမဲ့ပွဲလို့ ထင်ပါတယ်။ ဘော်ဒီကြေးနဲ့ ဂိုးပေါင်းကြေးက အထက်ကြေးတွေ နေချင်စရာ ဖြစ်နေတဲ့အတွက် အောက်တကွက်ရွေးချယ်မှုအဖြစ် မိန့်စ်ဘော်ဒီကို ရွေးချယ်ပေးချင်ပါတယ်။
◾ အင်တာမီလန် Vs ဗင်နီဇီယာ
အင်တာမီလန်အသင်းရဲ့ နောက်ဆုံးနှစ်ပွဲမှာ ဂျူဗင်တပ်အသင်းကို ဂိုးပေါ်ကစားခဲ့ပြီး အမ်ပိုလီအသင်းကို စုံပေါ်ကစားထားခဲ့ပါတယ်။ ဗင်နီဇီယာအသင်းကလည်း နောက်ဆုံးနှစ်ပွဲလုံး ဘော်ဒီကြေးရော ဂိုးပေါင်းကြေးပါ အပေါ်စုံ အောင်ခဲ့ပါတယ်။ ဒီပွဲမှာ အင်တာမီလန်အသင်းက ဘော်ဒီကြေး နှစ်လုံးသရေ ပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးငါးဆယ်အရှုံးပေါက်ကြေးမှာ အောက်တစ်ကွက်တော့သေချာပေါက် သွားမယ်လို့ ထင်ပါတယ်။ အဝေးကွင်းဗင်နီဇီယာအနေနဲ့ အင်တာမီလန်ခံစစ်ကို တစ်ဂိုးရဖို့တောင် သိပ်မလွယ်သလို အင်တာမီလန်အသင်းကလည်း ကြားရက်မှာ အာဆင်နယ်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲ ကစားရမှာဖြစ်တဲ့အတွက် ပွဲပန်းခံပြီး ဂိုးတွေအများကြီး သွင်းမယ်လို့ မထင်ပါဘူး။ ဗင်နီဇီယာအသင်းက နောက်ဆုံးနှစ်ပွဲမှာ လေးမှတ်ရထားပြီး တန်းဆင်းဇုန်အထက်ကို ရောက်လာပြီ ဖြစ်လို့ ယခုအဝေးကွင်းပွဲမှာ သရေတစ်မှတ်ကိုဘဲ ဦးတည်ကစားလာမယ် ထင်ပါတယ်။ နှစ်သင်းလုံး ဂိုးပေါ်တွေ ကစားတာ များနေတာကြောင့် ဒီပွဲကို ဂိုးအောက်တစ်မျိုးတည်း ရွေးချယ် ပေးချင်ပါတယ်။
◾ တူးလော့စ် Vs ရိမ်းစ်
ဒီပွဲကတော့ ပြင်သစ်လီဂူးပွဲစဥ်တစ်ခု ဖြစ်ပြီး ပေါက်ကြေးနဲ့ လက်ရှိခြေစွမ်းအရ ကိုက်ညီမှုရှိတယ်လို့ ထင်တဲ့အတွက် ရွေးချယ်ထားခြင်း ဖြစ်ပါတယ်။ အဆင့် ၁၆ က တူးလော့စ်အသင်းက အဆင့် ၇ က ရိမ်းစ်အသင်းကို ပြားကိုးဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးကိုးဆယ်စား ဖြစ်ပါတယ်။ ဒီဘော်ဒီကြေးက အိမ်ရှင် တူးလော့စ်အသင်းက ဂိုးရမယ်ဆိုတဲ့ ပေါက်ကြေးဖြစ်ပြီး ရိမ်းစ်အသင်းကလည်း ဂိုးလည်းပေးတယ်။ ဂိုးလည်းရတယ်ဆိုတဲ့ အသင်းဖြစ်လို့ နှစ်သင်းလုံး ဂိုးရနိုင်ပါတယ်။ ပုံမှန်အားဖြင့် သုံးလုံးကိုးဆယ်စားဆိုတဲ့ ဂိုးပေါင်းကြေးက ဂိုးအောက်လေ့ရှိပေမဲ့ ဒီပွဲမှာတော့ ဂိုးပေါ် ကြိုက်ပါတယ်။ အိမ်ရှင်တူးလေ့ာစ်အသင်းက ဘော်ဒီကြေး ခပ်ပါးပါးသာ ပေးထားရင် ဂိုးပေါ် ရွေးချယ်မှာ မဟုတ်ပေမဲ့ ဒီပေါက်ကြေးက ဂိုးတွေ မြင်ရနိုင်လို့ ဂိုးပေါ် ရွေးချယ်ရခြင်း ဖြစ်ပါတယ်။ ရိမ်းစ်အသင်းရဲ့ တိုက်စစ်အသားပေး ကစားပုံကြောင့် ဂိုးရမယ်ထင်သလို အောက်အသင်း တူးလော့စ်ရဲ့ ဘော်ဒီကြေး ခပ်ပြင်းပြင်းပေးထားပုံကြောင့် ဂိုးတွေ မြင်ရမယ် ထင်ပါတယ်။ တစ်ဖက်တစ်ဂိုးစီလောက်က အသာအယာ မြင်တွေ့ရနိုင်ပြီး ဂိုးပေါ်သွားမယ်လို့ ထင်တာကြောင့် ဂိုးပေါ်တစ်မျိုးတည်း ရွေးချယ်ပေးချင်ပါတယ်။