၂. ၁၁. ၂၀၂၄
Written by Nay Moe
တပ်ရင်းမှူးသင်တန်းတက်ရောက်ဖို့ ခရီးထွက်လာတဲ့ ပါရဂူသမားတော် ဗိုလ်မှူးတစ်ဦးနဲ့ သူ့မိသားစုကို PDF တွေက ဖမ်းဆီးလိုက်တယ်လို့ အမှတ်(၂)စစ်ဒေသခွဲ၊ တောင်ပိုင်းစစ်ဒေသက အခု ထုတ်ပြန်လာပါတယ်။
တပ်မတော် တိုက်ခိုက်ရေးကျောင်း (သံတောင်ကြီး) ကို တပ်ရင်းမှူးသင်တန်းတက်ရောက်ဖို့အတွက် ခရီးထွက်လာတဲ့ တဆရ – ၁၂/၁၀၀ (ထားဝယ်) က ပါရဂူသမားတော် ဗိုလ်မှူးထိန်တောက်ဆိုသူနဲ့ သူ့မိသားစုဝင်တွေကို ပဲခူးတိုင်းအတွင်း PDF စိုးမိုးနယ်မြေမှာ တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂) စစ်ဒေသခွဲ၊ ရန်ကုန်တိုင်းစစ်ဌာန၊ တပ်ရင်း (၅၁၀၂) က ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ ဖမ်းဆီးရမိတဲ့ ဗိုလ်မှူးထိန်တောက်ကို ရန်ကုန်တိုင်းစစ်ဌာနက စစ်သုံပန်းမူဝါဒနဲ့အညီ ထိန်းသိမ်းထားရှိပြီး သူ့မိသားစုဝင်များတွေကိုလည်း လူ့အခွင့်အရေးအပြည့်အဝ ရရှိစေဖို့ ဆောင်ရွက်ထားတယ်လို့ ဖော်ပြထားပေမဲ့ မိသားစုပုံတွေကိုတော့ ဖော်ပြလာတာ မတွေ့ရပါဘူး။