၂ .၁၁ .၂၀၂၄
Written by MMAK
◾ နယူးကာဆယ် Vs အာဆင်နယ်
နယူးကာဆယ်ကွင်းမှာ မန်စီးတီး ၊ စပါးနဲ့ ချဲလ်ဆီးအသင်းတို့ အနိုင်မရခဲ့တာကြောင့် အာဆင်နယ်အသင်းအတွက်လည်း ခက်ခဲဦးမဲ့ ပွဲစဥ်တစ်ပွဲ ဖြစ်ပါတယ်။ ဒီပွဲမှာ အာဆင်နယ်အသင်းက ပြားရှစ်ဆယ် အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးရှစ်ဆယ်စား ဖြစ်ပါတယ်။ အာဆင်နယ်အသင်းရဲ့ ဒီပေါက်ကြေးက ကြေးပျော့နေပြီး အနိုင်ရဖို့ မလွယ်ကူဘူးလို့ ထင်ပါတယ်။ နယူးကာဆယ်အသင်းက အိမ်ကွင်းပိုကောင်းတဲ့ အသင်းဖြစ်ပြီး ဒီပေါက်ကြေးနဲ့ အာဆင်နယ်အသင်း မနိုင်နိုင်ဘူးလို့ ယူဆထားပါတယ်။ အာဆင်နယ်အသင်းရဲ့ ပေါက်ကြေးက တဖြေးဖြေးလျော့ကျလာတာမျိုးလည်း တွေ့ရသလို နယူးကာဆယ်ကွင်းမှာ အသင်းကြီးတွေ အနိုင်မရဘူးဆိုတဲ့ မှတ်တမ်းမျိုးလည်း တွေ့ရပါတယ်။ အိမ်ရှင်နယူးကာဆယ်အသင်း အိမ်ကွင်းမှာ ဂိုးရနိုင်တဲ့အတွက် နယူးကာဆယ် ဘော်ဒီကို ရွေးချယ်ပေးချင်ပြီး ဂိုးပေါင်းအပေါ်ကို ကာကစားဖို့ အကြံပေးချင်ပါတယ်။ အိမ်ရှင်နယူးကာဆယ်အသင်း တစ်ဂိုးရတာနဲ့ မရှုံးနိုင်တဲ့ ရွေးချယ်မှု ဖြစ်ပါတယ်။
◾ ဘုန်းမောက် Vs မန်စီးတီး
မန်စီးတီးအသင်းမှာ အဓိက ကစားသမားတွေ ဒဏ်ရာရနေတာကြောင့် ကွင်းလယ်ကစားသမား နူနက်ကို ဘယ်တောင်ပံမှာ ကစားခိုင်းထားပြီး ကွင်းလယ်မှာလည်း အသက်ကြီးနေတဲ့ ဂန်ဒိုဂန်နဲ့ ကိုဗာဆစ်တို့ကို အသုံးပြုနေရပါတယ်။ ဘုန်းမောက်အသင်းက အိမ်ကွင်းကစားအား ကောင်းပြီး ကစားရခက်တဲ့ အသင်းမျိုး ဖြစ်တာကြောင့် မန်စီးတီးအသင်းအတွက် ခက်ခဲနိုင်ပါတယ်။ ဒီပွဲမှာ မန်စီးတီးအသင်းက ဘော်ဒီကြေး တစ်လုံး သရေပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးသရေ ဖြစ်ပါတယ်။ မန်စီးတီးအသင်းနဲ့ ဘုန်းမောက်အသင်းတို့ ဆယ့်ငါးကြိမ်တွေ့ဆုံထားရာမှာ ဆယ့်ငါးကြိမ်လုံးကို မန်စီးတီးအသင်းက နိုင်ထားတာဖြစ်ပေမဲ့ ဒီပွဲမှာ မန်စီးတီးအသင်း ပေးထားတဲ့ ဘော်ဒီကြေးက ပျော့နေပြီး ကြေးအောင်ဖို့ခက်တဲ့ ပေါက်ကြေး ဖြစ်နေပါတယ်။ လူမစုံတာ မှန်ပေမဲ့ မန်စီးတီးအသင်းအနေနဲ့ တစ်လုံးသရေလောက်ဘဲ ပေးနိုင်တာကြောင့် ကြေးအောင်ဖို့ ခက်ခဲနိုင်ပြီး သရေကျသွားနိုင်ပါတယ်။ မန်စီးတီးအသင်း နိုင်ခဲ့ရင်တောင် တစ်လုံးအသာလောက်နဲ့ဘဲ ကပ်နိုင်သွားမယ်ထင်သလို လူမစုံတဲ့ မန်စီးတီးအသင်း သရေကျသွားနိုင်တာကြောင့် အိမ်ရှင်ဘုန်းမောက်အသင်းကို ရွေးချယ်သင့်ပါတယ်။
◾ လီဗာပူး Vs ဘရိုက်တန်
ကြားရက်မှာ ကစားခဲ့တဲ့ ကာရာဘောင် ဖလားပွဲမှာ လီဗာပူးအသင်းက အဝေးကွင်းကနေ အနိုင်ရခဲ့ပြီး လောလော လတ်လတ် နိုင်ပွဲရထားပါတယ်။ ဒီပွဲမှာဆို ဘရိုက်တန်အသင်းရဲ့ ခံစစ်က ပြဲထွက်နေပြီး လီဗာပူးအသင်းရဲ့ တန်ပြန်တိုက်စစ်တွေကို ဘရိုက်တန်ခံစစ် မထိန်းနိုင်ဘဲ ဂိုးတွေ ပေးခဲ့ရပါတယ်။ လီဗာပူးကွင်းမှာတော့ ဘရိုက်တန်အသင်း ဂိုးတွေ ထပ်ပေးရဖို့ ရှိသလို ဒီပွဲမှာ လီဗာပူးက တစ်လုံး ခုနှစ်ဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံး ခြောက်ဆယ်အရှုံး ပေါက်နေပါတယ်။ လီဗာပူးအသင်းရဲ့ ဘော်ဒီကြေးက ကြေးပြင်းတယ်လို့ ပြောလို့ရပြီး ကြေးအောင်သွားနိုင်ပါတယ်။ ဘရိုက်တန်အသင်းရဲ့ ဘောလုံးကိုင်ကစားတာမျိုးနဲ့ ကွင်းလယ်လောက်ထိ ဖိအားပေး ကစားတတ်တဲ့ ကစားပုံတွေက လီဗာပူးအသင်းရဲ့ တန်ပြန်တိုက်စစ်တွေကို သေချာပေါက် ဂိုးပေးရပါလိမ့်မယ်။ လီဗာပူးအသင်းက အိမ်ကွင်းဆိုရင် တရစပ်ဖိအားပေး ကစားတတ်ပြီး ဂိုးတွေရသလောက် သွင်းတတ်တာကြောင့် အနိုင် ပြတ်သားနိုင်ပါတယ်။ နှစ်ဂိုးပြတ်အနိုင်ရမယ်လို့ ယူဆတာကြောင့် အိမ်ရှင်လီဗာပူးအသင်းကို ရွေးချယ်ပေးချင်ပါတယ်။
◾ နော်တင်ဟန်ဖောရက် Vs ဝက်စ်ဟမ်း
ဒီရာသီမှာ မထင်မှတ်ဘဲ ခြေစွမ်းကောင်းနေတာက ဖောရက်အသင်းဖြစ်ပြီး ခြေစွမ်းကျဆင်းနေတာက ဝက်စ်ဟမ်းအသင်း ဖြစ်ပါတယ်။ ဒီပွဲမှာ ဖောရက်အသင်းက ပြားရှစ်ဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံး ခုနှစ်ဆယ်စား ဖြစ်ပါတယ်။ ခြေစွမ်းကောင်းနေတဲ့ ဖောရက်အသင်းရဲ့ အိမ်ကွင်းမှာ ဝက်စ်ဟမ်းအသင်း နိုင်ဖို့မလွယ်ကူဘဲ အနိုင်ရမယ်ဆိုရင် ဖောရက်အသင်းကပဲ နိုင်သွားမယ် ထင်ပါတယ်။ ဖောရက်အသင်းက ဒီပွဲပြီးရင် မန်ယူ ၊ မန်စီးတီး ၊အာဆင်နယ် ၊ အက်စတွန်ဗီလာ နဲ့ နယူးကာဆယ်အသင်းတို့လို အသင်းကြီးတွေနဲ့ ပွဲကြပ်ကစားရမှာ ဖြစ်တာကြောင့် အခုအိမ်ကွင်းပွဲကို အမှားခံမယ် မထင်ဘဲ အနိုင်ရဖို့ ကြိုးစားကစားလာနိုင်ပါတယ်။ ဝက်စ်ဟမ်းအသင်းက မန်ယူအသင်းကို အိမ်ကွင်းမှာနိုင်ခဲ့သလို အိမ်ကွင်းပိုကောင်းတာ တွေ့ရပေမဲ့ အဝေးကွင်းခြေစွမ်းက တည်ငြိမ်မှု မရှိသေးပါဘူး။ အိမ်ကွင်းရလဒ် ပိုကောင်းဖို့ ကြိုးစားလာမဲ့ ဖောရက်အသင်း အနိုင်ရသွားမယ် ထင်တာကြောင့် အိမ်ရှင်ဖောရက်အသင်းကို ရွေးချယ်ပေးချင်ပါတယ်။
◾ အစ်ဆွချ် Vs လက်စတာ
တန်းတက်နှစ်သင်း တွေ့ဆုံနေတာ ဖြစ်ပြီး နိုင်ပွဲလုံးဝ မရသေးတဲ့ အစ်ဆွချ်အသင်း အနိုင်ရဖို့ ကြိုးစားလာနိုင်ပါတယ်။ လက်စတာအသင်းကလည်း နောက်ပွဲတွေမှာ မန်ယူနဲ့ ချဲလ်ဆီးအသင်းတို့နဲ့ ကစားရမှာ ဖြစ်တာကြောင့် အမှတ်ရဖို့ ကြိုးစားလာနိုင်ပြီး ခံစစ်ပြဲတဲ့ အစ်ဆွချ်အသင်းကို ဂိုးရနိုင်ပါတယ်။ ဒီပွဲမှာ အစ်ဆွချ်အသင်းက ပြားလေးဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးလေးဆယ်စား ဖြစ်ပါတယ်။ ဘော်ဒီကြေး ပါးပါးလေးသာ ပေးထားပေမဲ့ ဂိုးပေါင်းကြေး မြင့်နေတာကြောင့် ဂိုးပေါ်သွားမဲ့ ဖော်မြူလာပွဲ ဖြစ်သလို တန်းတက်နှစ်သင်းတွေ့ရင် တိုက်စစ်ဖွင့်ကစားပြီး ဂိုးပေါ်တတ်ပါတယ်။ နှစ်သင်းလုံးက ဂိုးသွင်းနိုင်သလို ဂိုးလည်းပေးရတယ်ဆိုတဲ့ အသင်းတွေ ဖြစ်တဲ့အတွက် ဒီပွဲက တစ်ဖက်တစ်ဂိုးစီကနေ စကြည့်ရမှာ ဖြစ်ပါတယ်။ ဒီပွဲက ခြေစွမ်းပိုင်းဘဲ ကြည့်ကြည့် ပေါက်ကြေးအရဘဲ ကြည့်ကြည့် ဂိုးပေါ်သွားဖို့ အကောင်းဆုံးပွဲ ဖြစ်ပါတယ်။ စနေညအတွက် အကြိုက်ဆုံး ပွဲဖြစ်ပြီး ဂိုးပေါ်တစ်မျိုးတည်းပဲ ကစားဖို့ ရွေးချယ်ပေးချင်ပါတယ်။
◾ ဆောက်သမ်တန် Vs အဲဗာတန်
ဆောက်သမ်တန်အသင်းက တန်းဆင်းရမဲ့ အသင်းလို့ဘဲ ပြောရမှာ ဖြစ်ပြီး တိုက်စစ်က ဂိုးရဖို့ ခက်ခဲနေတတ်ပြီး ခံစစ်ကတော့ အရမ်းပြဲပါတယ်။ ခံစစ်က ဂိုးတွေ တအားပေးနေရတာကို မပြင်နိုင်သရွေ့ ရလဒ်ကောင်းလာဖို့ မရှိဘဲ တန်းဆင်ဇုန်နားဘဲ ကပ်နေရမဲ့အသင်း ဖြစ်ပါတယ်။ အဲဗာတန်အသင်းက ခြေစွမ်းပြန်ကောင်းလာပြီး နောက်ဆုံးခြောက်ပွဲဆက် ရှုံးပွဲ မရှိခဲ့သလို ဒီပွဲမှာလည်း မရှုံးနိုင်ပါဘူး။ ဒီပွဲမှာ ဘော်ဒီကြေး ဒဲ့ပေါက်နေပြီး ဂိုးပေါင်းကြေး သုံးလုံးခုနှစ်ဆယ်စား ဖြစ်ပါတယ်။ ဆောက်သမ်တန်အသင်းရဲ့ ခံစစ်ကို လုံး၀ယုံကြည်မှု မရှိဘဲ ပွဲတိုင်းဂိုးပေးနေရတာကြောင့် အခုအိမ်ကွင်းပွဲမှာလည်း ဂိုးပေးရဦးမှာပါ။ ပွဲချိန်နီးလာရင် အဲဗာတန်အသင်းကတောင် ကြေးကြော ပြန်ပေးလာနိုင်တဲ့ အခြေအနေမျိုးတွေ့ရတာကြောင့် ဒီပွဲမှာ အဲဗာတန်အသင်း မရှုံးနိုင်ပါဘူး။ သရေနဲ့ အနိုင် တစ်ခုခု ရနိုင်တာကြောင့် အဝေးကွင်း အဲဗာတန်အသင်းကို ကြိုက်ပါတယ်။
◾ ဝုဗ် Vs ပဲလေ့စ်
ပဲလေ့စ်အသင်းက စပါးကို အနိုင်ရခဲ့ပြီး ပထမဆုံးနိုင်ပွဲရခဲ့သလို ကြားရက်မှာ ကစားခဲ့တဲ့ ကာရာဘောင်ဖလားပွဲမှာလည်း ဗီလာအသင်းကို အဝေးကွင်းကနေ အနိုင်ရသွားတာကြောင့် ပဲလေ့စ်အသင်းကို ထိုးသားတွေ အထင်ကြီးနေပါတယ်။ နိုင်ပွဲလုံး၀မရသေးတဲ့ ဝုဗ်အသင်း နိုင်ပွဲရချိန်တန်နေပြီလို့ ယူဆထားပြီး တန်းဆင်းဇုန်က လွတ်ချင်တယ်ဆို အခုအိမ်ကွင်းပွဲကို လုံးဝရှုံးလို့မရဘဲ မနိုင်ရင်တောင် သရေ တစ်မှတ်ရအောင် ယူသင့်ပါတယ်။ ဒီပွဲမှာ ဝုဗ်အသင်းက ပြားနှစ်ဆယ် အရှုံးပေးထားပြီး ဂိုးပေါင်းကြေး နှစ်လုံးခုနှစ်ဆယ်အရှုံး ဖြစ်ပါတယ်။ ပဲလေ့စ်အသင်းမှာ တိုက်စစ်က အဇီ ၊ ကွင်းလယ်မှာ လီမာနဲ့ ဝါတန်တို့လို့ အဓိက ကစားသမားအချို့ ဒဏ်ရာရနေတာကြောင့် အားနည်းချက်တွေ ရှိနေပါတယ်။ အခုအိမ်ကွင်းပွဲမှာ အနိုင်ရဖို့ဆို ဝုဗ်အသင်းကဘဲ အနိုင်ရသွားမှာဖြစ်ပြီး တကယ်လို့ ၀ုဗ်အသင်း မနိုင်ရင်တောင် မရှုံးနိုင်ဘူးလို့ ယူဆထားတဲ့အတွက် ပြားနှစ်ဆယ်ရင်းပြီး ဝုဗ်အသင်းကိုပဲ ရွေးချယ်သင့်ပါတယ်။