November 2, 2024

◾ လက်ရှိမှာ ကလေးငယ်ဟာ အသားဝါရောဂါ
ဖြစ်နေတာကြောင့် ဆေးကုသမှုခံယူနေရ

၂.၁၁.၂ဝ၂၄
Written by K Pyay Thein

ရန်ကုန်မြို့၊ ဗဟိုအမျိုးသမီးဆေးရုံကနေ ကလေးခိုးယူ သွားတဲ့ အမျိုးသမီးကို ဥပဒေအကြောင်းအရ အရေးယူထားရှိပြီး လက်ရှိမှာ ကလေးငယ်ဟာ အသားဝါရောဂါဖြစ်‌နေတာကြောင့် အဲဒီဆေးရုံမှာပဲ ဆေးကုသမှုခံယူနေရတယ်လို့ ကလေးငယ်ရဲ့မိသားစုဝင်တွေနဲ့ နီးစပ်သူတွေထံကနေ သိရပါတယ်။

ဗဟိုအမျိုးသမီးဆေးရုံကနေ ခိုးယူခံခဲ့ရတဲ့ ကလေးငယ်ကို ခိုးယူခံရပြီး တစ်ရက်အကြာ အောက်တိုဘာလ ၃၁ ရက် ညနေပိုင်းအချိန်မှာ သင်္ဃန်းကျွန်း၊ စံချိန်သစ်၊မေတ္တာ၂ လမ်း၊(င/က)ရပ်ကွက်မှာ ကလေးငယ်ကိုခိုးယူသွားတဲ့ အမျိုးသမီးတစ်ဦးနဲ့အတူ ပြန်လည်ရှာ‌ဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။

“လောလောဆယ် ကလေးကိုခိုးယူသွားတဲ့သူကိုလည်းသက်ဆိုင်ရာကအရေးယူထားပါပြီ။ အဲ့ဒီကိစ္စတွေကိုလည်း ကလေးမိဘတွေက လိုက်လံလုပ်ဆောင်နေပါတယ်။ ကလေးကအသားဝါ‌နေလို့ အခု အဲ့ဒီဆေးရုံမှာပဲဆေးကုသမှုခံယူနေပါတယ်။ ကလေးခိုးယူသူကို ဥပဒေအကြောင်းအရ ဘယ်လိုအရေးယူထားလဲဆိုတာကိုတော့ကိစ္စတွေမပြီးသေးလို့ အသေးစိတ်တော့ပြောလို့မရသေးပါဘူး”လို့ ကလေးငယ်ရဲ့မိသားစုဝင်တွေနဲ့ နီးစပ်သူတွေက MT News ကို ပြောပါတယ်။

ဗဟိုအမျိုးသမီးဆေးရုံကနေ ကလေးခိုးယူခံခဲ့ရတဲ့ ဖြစ်စဉ်ဟာ ကြုံတောင့်ကြုံခဲမို့ ဟိုးလေးတကျော်ကျော်
ဖြစ်ခဲ့ပြီး လူမှုကွန်ရက်အသုံးပြုသူတွေကြားမှာပါ ဝေဖန်သုံးသပ်မှုတွေများစွာရှိခဲ့တာလည်း ဖြစ်ပါတယ်။

Photo – CJ

Leave a Reply

Your email address will not be published. Required fields are marked *