၁. ၁၁. ၂၀၂၄
Translated by Thettant
YouTube ပေါ်က ရုရှားနိုင်ငံပိုင်မီဒီယာတွေကို ကန့်သတ်တဲ့ Google ကို ရုရှားတရားရုံးတစ်ခုက ဒေါ်လာဒက်ဆယ်လီလျံ၂၀ ဒဏ်ရိုက်လိုက်တယ်လို့ ကမ္ဘာ့မျက်နှာစာမှာ ဖော်ပြနေတဲ့ သတင်းတွေအရ သိရပါတယ်။
ရုရှားတရားရုံးဟာ Google ကို ရုရှားသုံးငွေ ရူဘယ် Two Undecillion လို့ သုံးနှုန်းတဲ့ ၂ နောက်မှာ သုည ၃၆ လုံးပါတဲ့ ရူဘယ်လ်ငွေကြေးပမာဏကို ဒဏ်ရိုက်ခဲ့တာပါ။ ဒီပမာဏကို ဒေါ်လာနဲ့ပေးဆောင်ရမယ်ဆို 20 Decillion လို့ ခေါ်တဲ့ ၂ နောက်မှာ သုည ၃၄ လုံးပမာဏပါဝင်တဲ့ ဒေါ်လာအထိ ရှိနေမှာဖြစ်ပြီး ဒီပမာဏကို 20 Billion Trillion Trillion လို့ ခေါ်ဝေါ်သလို ကရင်မလင်ပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီပက်စ်ကော့ဘ်ကတောင် ဒီပမာဏကို မှန်ကန်အောင် မပြောနိုင်ဘူးလို့ ဝန်ခံခဲ့ပါတယ်။
ကမ္ဘာ့အချမ်းသာဆုံးကုမ္ပဏီတွေထဲက တစ်ခုဖြစ်သလို Youtube ကိုလည်းပိုင်ဆိုင်တဲ့ Google ရဲ့ မိခင်ကုမ္ပဏီ Alphabet ဟာ တန်ဖိုးဒေါ်လာ ၂ ထရီလျံသာရှိလို့ ဒဏ်ကြေးဟာ Google ရဲ့ တန်ဖိုးထက် ဆယ်ဆမကရှိနေသလို နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့က ခန့်မှန်းထားတဲ့ ကမ္ဘာ့စုစုပေါင်း GDP ထရီလျံ ၁၁၀ ထက်လည်း အဆပေါင်းများစွာ များပြားနေပါတယ်။
Google ဟာ ၂၀၂၂ ခုနှစ်ကတည်းက Youtbe မှာရှိတဲ့ ရုရှားလိုလားတဲ့၊ ရုရှားနိုင်ငံပိုင်မီဒီယာ ၁၇ ခုထက်မနည်းကို ပိတ်ဆို့လိုက်တာဖြစ်ပြီး ပြန်ဖွင့်ပေးဖို့တောင်းဆိုပေမဲ့ ဖွင့်မပေးတာကြောင့် အခုလိုမျိုး ကမ္ဘာ့ GDP ထက်များတဲ့ ပမာဏတစ်ခုကို ဒဏ်ရိုက်ခဲ့တာပါ။
တစ်ဘီလျံဟာ တစ်နောက်မှာ သုည ကိုးလုံးသာရှိပြီး ထရီလျံကတော့ ၁ နောက်မှာ သုည ၁၂ လုံးဖြစ်လို့ ကမ္ဘာ့ GDP ဒေါ်လာ ၁၁၀ ထရီလျံထက်များပြီး ရုရှားက Google ကို ဒဏ်ရိုက်လိုက်တဲ့ ၂၀ ဒက်ဆယ်လီလျံကို ကမ္ဘာတစ်ခုလုံးက ဝိုင်းပြီးဆပ်ပေးရင်တောင် ကျေဖွယ်မရှိသေးဘူးလို့လည်း နိုင်ငံတကာသတင်းဌာနတွေအောက်မှာ ဝိုင်းပြီး မှတ်ချက်ပေးနေတာလည်း တွေ့ရပါသေးတယ်။