၁.၁၁.၂၀၂၄
Translated by Htwe Ko Tun
တရုတ်နိုင်ငံ၊ ဟောင်ကောင်ကျွန်းတွင် ခရီးသည် ၁၃၀ ဦးခန့် လိုက်ပါလာသော ကြိုပို့ဖယ်ရီသင်္ဘောတစ်စီးက ငွေကြေးဆိုင်ရာခရိုင်အတွင်းဆိပ်ခံတံတားတစ်ခု၌ နိုဝင်ဘာလ ၁ ရက် နံနက်က ဆိုက်ကပ်စဉ် ဆိပ်ခံတံတားအား တိုက်ဆောင့်မိခဲ့မှုကြောင့် ခရီးသည် ၄၁ ဦးခန့် ဒဏ်ရာများရခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောခဲ့သည်။
အဖြစ်အပျက်က နိုဝင်ဘာလ ၁ ရက်၊ နံနက် ၇ နာရီ မိနစ်တွင်ဖြစ်ပျက်ခဲ့ကာ သင်္ဘောက ဆိပ်ခံတံတား အမှတ် ၉ ကို ဝင်ရောက်တိုက်မိခဲ့ခြင်းဟု သိရသည်။ ကြိုပို့ဖယ်ရီသင်္ဘောက Tsui Wah ကြိုပို့ပြေးဆွဲရေး လုပ်ငန်းမှဖြစ်ကြောင်းလည်း ရဲတပ်ဖွဲ့က ပြောခဲ့သည်။
ဒဏ်ရာရသူခရီးသည် ၄၁ ဦးကို ဆေးရုံတွင် ကျန်းမာရေးစောင့်ရှောက်မှုများပြုလုပ်ပေးခဲ့ကြောင်း၊သို့သော် စိုးရိမ်ရလောက်အောင် ဒဏ်ရာရရှိသူ မရှိကြောင်း သိရသည်။ သင်္ဘောကပ္ပတိန်မှာမူ ဒဏ်ရာရရှိခြင်းမရှိဟု သိရသည်။ထိုသို့ဖြစ်ရခြင်းအတွက် စုံစမ်းစစ်ဆေးမှုများကိုလည်း ဆက်လက်ပြုလုပ်လျက်ရှိသည်။
သင်္ဘောက Lamma ကျွန်းနှင့် ကြိုပို့ပြေးဆွဲနေခြင်းဖြစ်ကြောင်းလည်း သိရသည်။
Ref- SCMP