၁.၁၁.၂ဝ၂၄
Written by K Pyay Thein
ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်းက ပဲခူးမြစ်လမ်းနဲ့ မြနန္ဒာလမ်းထောင့်မှာ ယမန်နေ့ အောက်တိုဘာ ၃၁ ရက် ညပိုင်းအချိန်က ယာဥ်တိုက်မှုဖြစ်စဥ်တစ်ခုဖြစ်ပွားခဲ့ပြီး အိမ်ခြေရာမဲ့တစ်ဦးကားတိုက်ခံရကာ ပွဲချင်းပြီးသေဆုံးသွားခဲ့တယ်လို့ နယ်မြေခံ လူမှုကူညီရေးအသင်းတွေထံကနေ သိရပါတယ်။
“မနေ့က ည ၁၂ နာရီလောက်ကြီးဖြစ်တာပေါ့လေ။တိုက်သွားတဲ့ကားကိုတော့ မသိလိုက်ရဘူး။ ဘယ်ကားတိုက်သွားမှန်းတော့ မသိဘူးပေါ့။ ကျွန်တော်တို့အသင်းကို အကြောင်းကြားလာလို့ သွားကူတာပါ။ ဟိုရောက်တော့လူနာက တိမ်းပါးသွားတဲ့အတွက် ရွှေသန်လျင်နာရေးကူညီမှုအသင်းနဲ့ ထပ်မံ ချိတ်ဆက်ပြီး သေဆုံးသူရဲ့ DB ကို ဆေးရုံကိုပို့ဆောင်ပေးခဲ့ပါတယ်”လို့ နယ်မြေခံလူမှုကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးက MT News ကို ပြောပါတယ်။
အဲ့ဒီ ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် အသက် ၄၅ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦး အခင်းဖြစ်နေရာမှာ သေဆုံးသွားတဲ့အတွက် ပိုင်ရှင်မဲ့အလောင်းကို ရွှေသန်လျင်နာရေးကူညီမှုအသင်းက နာရေးယာဉ်နဲ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရတာဖြစ်တယ်လို့လည်း သိရပါ
တယ်။