၃၁.၁ဝ.၂ဝ၂၄
Written by K Pyay Thein
ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်အတွင်းမှာ ဘေးတွဲနဲ့ ဒိုင်နာယာဉ်တို့တိုက်မိပြီး ဘေးတွဲမောင်းနှင်သူခါးရိုးကျိုးထိခိုက်ဒဏ်ရာရခဲ့လို့ သူ့ကိုနယ်မြေခံလူမှုကူညီရေးသမားတွေက အင်းစိန်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရတယ်လို့ သိရပါတယ်။
“ဘေးတွဲနဲ့ ဒိုင်နာယာဉ်မတော်တဆမှုဖြစ်သွားတာပါ။ဘေးတွဲသမား ခါးရိုးထိခိုက်သွားတယ်။ လူနာကိုမြေပြင်ရှေးဦးကူညီမှုပြုပြီး အင်းစိန်ဆေးရုံကို ကူညီပို့ဆောင်ပေးခဲ့ပါတယ်”လို့ နယ်မြေခံ လူမှုကူညီရေးသမားတစ်ဦးက MT News ကို ပြောပါတယ်။
အဲ့ဒီယာဉ်တိုက်မှုဟာ ဒီကနေ့ အောက်တိုဘာ ၃၁ ရက်၊နေ့လယ်ပိုင်းပိုင်းအချိန်က ရွှေပြည်သာမြို့နယ်၊(၁)ရပ်ကွက်မှာဖြစ်ပွားခဲ့တာဖြစ်ပြီး ယာဉ်တိုက်မှုကြောင့်ထိခိုက်ဒဏ်ရာရခဲ့တဲ့ လူနာကိုတော့ နယ်မြေခံ ရွှေမေတ္တာလူမှူကူညီရေးအသင်း လူနာတင်ယာဉ်နဲ့ အင်းစိန်မြို့နယ်သို့ ပို့ဆောင်ပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – ရွှေမေတ္တာလူမှုကူညီရေးအသင်း