October 31, 2024

၃၁.၁၀.၂၀၂၄
Written By Zun

ချင်းညီနောင် (Chin Brotherhood) နှင့် AA တို့ကြောင့် CDF-Matupi တပ်ရင်း (၂) ၊ CNA တို့မှ သေဆုံးခဲ့သူနှစ်ဦး၏ ရုပ်အလောင်းကို ၄ လ ကျော်အကြာတွင် ပြန်လည်ရရှိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၂၆ ရက်က မတူပီမြို့နယ်အတွင်း ချင်းညီနောင် (Chin Brotherhood) နှင့်( AA ) ပူးပေါင်းတပ်တို့က တစ်ဖက်၊ ချင်းပြည်အစိုးရတပ်ဖွဲ့(CC) ဟု အမည်ပေးထားသည့်အဖွဲ့က တစ်ဖက် ထိတွေ့တိုက်ပွဲဖြစ်ပွားစဉ် သေဆုံးခဲ့သူ နှစ်ဦး၏ ရုပ်အလောင်းများကို အောက်တိုဘာလ ၂၉ ရက်က ပြန်လည်ရရှိခဲ့ကြောင်း CDF-Matupi တပ်ရင်း ၂ က ထုတ်ပြန်ထားခြင်း ဖြစ်သည်။

ယင်းသေဆုံးခဲ့သူတို့မှာ CDF-Matupi တပ်ရင်း (၂) မှတစ်ဦး၊ ချင်းသားအမျိုးသားတပ်မတော် (CNA) ဟု ဖွဲ့ထားသည့် အဖွဲ့ဘက်က တစ်ဦးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သေဆုံးသူနှစ်ဦးမှာ CDF Matupi Brigade (2)အဖွဲ့ဝင် Vakok Battalion (CDF Matupi Battalion – 2 ) မှ အသက် ၂၅ နှစ်အရွယ် ဆလိုင်း ပီတာဆန်း (၂၅ နှစ်) ၊ CNA မှ အသက် ၂၅ နှစ်အရွယ် Captain Phung Bawi တို့ဖြစ်ပြီး ရရှိခဲ့သော ရုပ်အလောင်းများကို ချင်းရိုးရာနှင့် ခရစ်ယာန်ထုံးတမ်းအတိုင်း သင်္ဂြိုဟ်ပြီးစီးခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *