October 31, 2024

၃၁. ၁၀. ၂၀၂၄
Written by Shwe Phyo

မြန်မာနိုင်ငံသားနှစ်ဦးသည် မလေးရှားနိုင်ငံတွင် လူသတ်မှုကျူးလွန်မှုဖြင့် အောက်တိုဘာ ၃၀ ရက်နေ့တွင် စွဲချက်တင်ခံလိုက်ရကြောင်း မလေးရှားအခြေစိုက်သတင်းများတွင်ဖော်ပြထားသည်။

ပြီးခဲ့သောသီတင်းပတ်က အလုပ်လက်မဲ့လူတစ်ဦးအသတ်ခံရခြင်းနှင့်ပတ်သက်ပြီး မလေးရှားရဲတပ်ဖွဲ့သည် မြန်မာနိုင်ငံသားနှစ်ဦးနှင့် ထွန်စက်မောင်းသူတစ်ဦးတို့ကို ဖမ်းဆီးခဲ့ပြီးနောက် မလေးရှားတရားရုံးက ၎င်းတို့ သုံးဦးကိုစွဲချက်တင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မလေးရှားတရားရုံးက အသက် ၃၃ နှစ်အရွယ်ရှိ R. Vijay အပြင် အသက် ၃၇ နှစ်အရွယ်ရှိ စိန်မင်းဌေး၊ အသက် ၂၈ နှစ်အရွယ်ရှိ ကျော်သက်မင်း ဆိုသူသုံးဦးကို လူသတ်မှုအတွက် စွဲချက်တင်ခဲ့ကြောင်း ပြောသည်။

မြန်မာနိုင်ငံသားနှစ်ဦးအပါအဝင် စုစုပေါင်း ၃ ဦးသည် အောက်တိုဘာ ၂၁ ရက်နေ့က Batang Padang အရပ်ဒေသရှိ NHK Golden Way Sdn Bhd အလုပ်သမားတန်းလျားတွင် အသက် ၃၄နှစ်အရွယ်ရှိ P. Rajentiran ဆိုသူကို သတ်ခဲ့သည်ဟု စွပ်စွဲခံရပြီးနောက် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်းသိရသည်။ မလေးရှားတရားရုံးသည် စွဲချက်တင်ထားသူ ၃ဦးကို လာမည့်နိုဝင်ဘာ ၂၀ ရက်နေ့တွင်ထပ်မံစစ်ဆေးသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

လူသတ်မှုကျူးလွန်ခံရသူအဖြစ် စွပ်စွဲခံရသူသုံးဦးကို ပုဒ်မ ၃၀၂ ဖြင့် စွဲချက်တင်ထားခြင်းဖြစ်ပြီး ပြစ်မှုထင်ရှားပါက သေဒဏ်အပြစ်ပေးခံရဖွယ်ရှိနေပြီး သေဒဏ်အပြစ်ပေးမခံရပါကလည်း ကြိမ်ဒဏ် အချက် ၄၀ အထိ ရိုက်နှက်ခံရဖွယ်ရှိနေကြောင်း သိရသည်။

လူသတ်မှုအတွက်စွဲချက်တင်ခံရသူများထဲတွင်ပါဝင်နေသည့် မြန်မာနိုင်ငံသား စိန်မင်းဌေးနှင့်ကျော်သက်မင်း တို့သည် မလေးရှားနိုင်ငံတွင်တရားဝင်ဗီဇာဖြင့် နေထိုင်နေသူများမဟုတ်ဘဲ မလေးရှားနိုင်ငံအတွင်း တရားမဝင်နေထိုင်ခြင်းအတွက်ထပ်မံစွဲချက်တင်ခံရမည်ဖြစ်ကြောင်း သိရသည်။

REf thesundaily

Leave a Reply

Your email address will not be published. Required fields are marked *