October 30, 2024

၂၉.၁၀. ၂၀၂၄
Written by Shwe Phyo

အာဆီယံဒေသအတွင်းရှိ နိုင်ငံများအနက် အစားအစာစွန့်ပစ်မှုအများဆုံး နိုင်ငံများစာရင်းတွင် မြန်မာနိုင်ငံက အဆင့် ၅ နေရာ၌ ရပ်တည်နေကြောင်း ကုလသမဂ္ဂအဖွဲ့အစည်း UNEP ၏ဖော်ပြချက်များအရ သိရသည်။

ကုလသမဂ္ဂ သဘာဝပတ်ဝန်းကျင်အစီအစဉ် (UNEP)သည် ၂၀၂၄ ခုနှစ်အတွက် အစားအစာစွန့်ပစ်ရမှုအများဆုံးနိုင်ငံများစာရင်းကို ထုတ်ပြန်ခဲ့ရာ မြန်မာနိုင်ငံက အာဆီယံဒေသတွင်းနိုင်ငံများထဲတွင် အဆင့် ၅နေရာမှာ ရပ်တည်နေကြောင်းနှင့် UNEP ၏ ဖော်ပြချက်များအရ မြန်မာနိုင်ငံရှိအိမ်ထောင်စုတစ်စု၏ ၂၀၂၄ ခုနှစ်အတွင်း အစားအစာများ လေ့လွင်မှုဖြစ်ရခြင်းနှင့် စွန့်ပစ်ရသော အလေးချိန်စုစုပေါင်းသည် ၁၇၂ ပေါင်နီးပါး သို့မဟုတ် ၇၈ ကီလိုဂရမ်ဖြစ်ကြောင်း ဖော်ပြထားသည်။

အာဆီယံနိုင်ငံများရှိ အိမ်ထောင်စုများ၏ အစားအစာများစွန့်ပစ်ရမှု၊ လေလွင့်မှုဖြစ်ရသော အများဆုံးနိုင်ငံများစာရင်းတွင် လာအိုနိုင်ငံက ထိပ်ဆုံးတွင် ရပ်တည်နေပြီး လာအိုနိုင်ငံ၏အိမ်ထောင်စုတစ်စု၏ တစ်နှစ်အတွင်း အစားအစာစွန့်ပစ်ရမှုအလေးချိန်က ၈၉ ကီလိုဂရမ်ဖြစ်ကာ ထိုင်းအိမ်ထောင်စုတစ်စု၏ တစ်နှစ်အတွင်းအစားအစာစွန့်ပစ်မှုရမှုအလေးချိန်က ၈၆ ကီလိုဂရမ်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ကမ္ဘောဒီးယားနှင့် မလေးရှားနိုင်ငံများရှိ အိမ်ထောင်စုတစ်စု၏ အစားအစာစွန့်ပစ်ရမှုအလေးချိန်က တစ်နှစ်ကို ၈၅ ကီလိုဂရမ်နှင့် ၇၈ ကီလိုရမ်တို့ဖြစ်ကြောင်း သိရသည်။

ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနှင့် စင်ကာပူနိုင်ငံတို့၏ အိမ်ထောင်စုများသည် ၂၀၂၄ ခုနှစ်အတွင်း အစားအစာစွန့်ပစ်မှုအများဆုံး အာဆီယံနိုင်ငံများ၏ အဆင့်သတ်မှတ်ချက်တွင် အောက်ဆုံးသုံးနိုင်ငံထဲ ရပ်တည်နေကြောင်း သိရသည်။

ဖိလစ်ပိုင်နိုင်ငံရှိ အိမ်ထောင်စုတစ်စု၏ တစ်နှစ်အတွင်း အစားအစာစွန့်ပစ်ရမှုသည် အလေးချိန် ၂၆ ကီလိုဂရမ်၊ အင်ဒိုနီးရှားအိမ်ထောင်စုတစ်စု၏ အစားအစာစွန့်ပစ်မှုအလေးချိန်က တစ်နှစ်ကို ၅၃ ကီလိုဂရမ်နှင့် စင်ကာပူနိုင်ငံရှိ အိမ်ထောင်စုတစ်စု၏ အစားစာစွန့်ပစ်ရမှုအလေးချိန်က တစ်နှစ်ကို ၆၈ ကီလိုဂရမ်ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *