October 30, 2024

၃၀. ၁၀. ၂၀၂၄
Written by Nay Moe

ပြီးခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း လက်နက်ကိုင် “ဝ” စစ်တပ် ထိန်းချုပ်လိုက်တဲ့ ဟိုပန်မြို့မှာ လူသတ်မှု ကျူးလွန်သူကို ဒီနေ့ လူမြင်ကွင်းမှာ သေဒဏ်ချမှတ်လိုက်ပြီး မုဒိမ်းမှု ကျူးလွန်သူ ၆ ဦးကိုတော့ တစ်သက်တစ်ကျွန်းနဲ့ ထောင်ဒဏ် ၁၅ နှစ်စီ ချမှတ်ခဲ့တယ်လို့ “ဝ”လူငယ့်အသံကွန်ရက် / Wa News Land က ထုတ်ပြန်ဖော်ပြထားပါတယ်။

လက်နက်ကိုင်စစ်တပ်ဖြစ်တဲ့ “ဝ” ပြည်သွေးစည်း ညီညွတ် ရေး တပ်မတော် – UWSA ရဲ့ သေဒဏ်စီရင်မှုကို ဒီနေ့ အောက်တိုဘာ ၃၀ ရက်က ဟိုပန်မြို့ ယဥ်ကျေးမှုကွင်းမှာ ကျင်းပခဲ့ပြီး သက်ဆိုင်ရာ၊ ဌာနဆိုင်ရာ အဖွဲ့အစည်းတွေအပြင် ဟိုပန်မြို့တွင်းနေထိုင်ကြတဲ့ လူထုတွေ လာရောက်ကြည့်ရှုခဲ့ကြပါတယ်။

ဟိုပန်မြို့အတွင်း ပြီးခဲ့တဲ့ သြဂုတ်လ ၃ ရက်က ကုန်စုံဆိုင် တစ်ခုမှာ ဓားပြတိုက်မှု ဖြစ်ပွားခဲ့တာကြောင့် ၈ နှစ်အရွယ် ကလေးသေဆုံးသွားခဲ့ပြီး ၂ လအကြာမှာတော့ ကျူးလွန်သူ ကို “ဝ” လက်နက်ကိုင်တွေက အခုလို သေဒဏ်ချမှတ်ခဲ့တာပါ။

လူသတ်မှုကျူးလွန်သူက အသက် ၂၀ ဝန်းကျင် စိုင်းကျော်ထွန်းဖြစ်ပြီး သူ့ကို သေဒဏ်ချမှတ်ခဲ့တဲ့အပြင် မုဒိမ်းမှု ဦးဆောင်တဲ့သူကို ထောာင်ဒဏ် တစ်သက်တစ်ကျွန်းနဲ့ ကျန်တဲ့ ၅ ယောက်ကို ထောင်ဒဏ် ၁၅ နှစ်စီချမှတ်ခဲ့တယ်လို့ ဖော်ပြထားပေမဲ့ အုပ်စုဖွဲ့မုဒိမ်းမှုကျုးလွန်သူတွေဟာ “ဝ”စစ်တပ်က တပ်သားတွေ ဟုတ် မဟုတ်ဆိုတာနဲ့ နာမည်တွေတော့ ဖော်ပြထားတာ မတွေ့ရပါဘူး။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးဖြစ်စဥ်အပြီးမှာ လူသတ်၊ လုယက်၊ မုဒိမ်းမှုကျုးလွန်သူတွေကို သေဒဏ်ပေးလာတာဖြစ်ပြီး ဒီလိုပေးတဲ့အထဲမှာ ဖောက်ခွဲသတ်ဖြတ်မှုပေါင်းများစွာ ကျုးလွန်ခဲ့ကြောင်း ဝန်ခံခဲ့တဲ့ ဇေယျာသော်နဲ့ ဂျင်မီတို့ ပါဝင်ခဲ့သလို MNDAA ကလည်းလည်း လူသတ်၊ လုယက်၊ သတ်ဖြတ်မုဒိမ်းကျင့်သူတွေ သူ့တပ်ဖွဲ့ဝင်တွေကိုပါ လူမြင်ကွင်းမှာ သေဒဏ်ပေးခဲ့တဲ့အပြင် အခုတော့ “ဝ”စစ်တပ်ကပါ လူမြင်ကွင်းမှာ သေဒဏ်ပေးလာတာပါ။

Photo & Ref – “ဝ” လူငယ့်အသံ ကွန်ရက် / Wa News Land

Leave a Reply

Your email address will not be published. Required fields are marked *