October 30, 2024

၃၀.၁၀. ၂၀၂၄
Written by Shwe Phyo

နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) သည် အာဆီယံဒေသတွင်းနိုင်ငံများ၏ ၂၀၂၈ ခုနှစ်အတွင်းဖြစ်လာနိုင်မည့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းကို ခန့်မှန်းဖော်ပြခဲ့ရာမြန်မာနိုင်ငံက အဆင့် (၇) တွင် ရပ်တည်နေကြောင်း သိရသည်။

IMF က ခန့်မှန်းဖော်ပြခဲ့သော စာရင်းထဲတွင် အာဆီယံဒေသတွင်းနိုင်ငံပေါင်း ၁၁ နိုင်ငံ၏ စာရင်းကိုတွက်ချက်ဖော်ပြခဲ့ခြင်းဖြစ်ပြီး အရှေ့တီမောနိုင်ငံကိုလည်း ထည့်သွင်းဖော်ပြခဲ့သည်။ IMF ၏ ခန့်မှန်းဖော်ပြချက်များအရ မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းသည် ၂၀၂၈ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၉၈ ဒသမ ၀၄ ဘီလျံအထိ မြင့်တက်လာမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံသည် စီးပွားရေးနှင့်နိုင်ငံရေးစိန်ခေါ်မှုပြဿနာများရှိနေသော်လည်း စီးပွားရေးသိသိသာသာတိုးတက်မည့်အလားအလာများရှိနေပြီး အထူးသဖြင့် စိုက်ပျိုးရေးနှင့်သဘာဝအရင်းမြစ်ကဏ္ဍာတွင် ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဟု IMF က ဖော်ပြထားသည်။

အာဆီယံဒေသတွင်းနိုင်ငံများအနက်၂၀၂၈ ခုနှစ်အတွင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်း အမြင့်ဆုံးရှိနေမည့် နိုင်ငံများစာရင်းတွင် အင်ဒိုနိးရှား၊ ဖိလစ်ပိုင်၊ ထိုင်းနှင့် ဗီယက်နမ်တို့က ထိပ်ဆုံးတွင် ရပ်တည်နေကြောင်း သိရသည်။

အင်ဒိုနီးရှားနိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းသည် ၂၀၂၈ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂၀၉၃ ဘီလျံကျော်အထိ မြင့်တက်လာမည်ဖြစ်သလို ဖိလစ်ပိုင်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းက ၂၀၂၈ ခုနှစ်တွင် အမေရိကန်ဒေါ်လ ၆၉၈ ဒသမ ၅၁ ဘီလျံရှိမည်ဖြစ်ကြောင်း IMF ကခန့်မှန်းဖော်ပြထားသည်။

ထို့အတူ ထိုင်းနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းသည် ၂၀၂၈ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၆၈၂ ဒသမ ၆၈ ဘီလျံရှိမည်ဖြစ်ပြီး ဗီယက်နမ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းက ၂၀၂၈ ခုနှစ်တွင်အမေရိကန်ဒေါ်လာ ၆၅၇ ဘီလျံကျော်အထိ မြင့်တက်လာမည်ဖြစ်ကြောင်း IMF က ဖော်ပြထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *