၂၉.၁၀.၂၀၂၄
Written By MT News
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ တညင်းကုန်းအိမ်ရာရှေ့တွင် ရပ်ထားသည့်တွဲကားကို ဝင်တိုက်မိသည့် ကွန်တိန်နာယာဉ်မောင်း နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးမှု ယခုည ၉ နာရီခန့်အချိန်က ဖြစ်ပွားခဲ့ကြောင်း သိရ သည်။
“ည ၉နာရီလောက်က တညင်းကုန်းအိမ်ရာအရှေ့မှာ ရပ်ထားတဲ့ ကုန်တင်တွဲကားကို ကွန်တိန်နာကားက နောက်ကနေ တည့်တည့် ဝင်တိုက်မိတာပါ။ ယာဉ်မောင်းကတော့ နေရာမှာပဲ သေဆုံးပါတယ်။ ယာဉ်မောင်းအသက်က ၇၀ ဝန်းကျင်လောက်ရှိပြီ။ ခုနကအထိ မိသားစုတွေနဲ့ အဆက်သွယ်မရသေးပါ”ဟု ကနောင် နာရေး/ရှင်ရေးကူညီမှုအသင်း-အင်းစိန် ၏ အဖွဲ့ဝင်တစ်ဦးက လူမှုကွန်ရက်တွင် ရေးသားပြောဆိုထားသည်။
အဆိုပါ အခင်းဖြစ်စဉ်နေရာသို့ အင်းစိန်မီးသတ် 191 ရှာဖွေကယ်ဆယ်ရေးအဖွဲ့က အလောင်းကို ယာဉ်အတွင်းမှထုတ်၍ အဆိုပါအသင်းယာဉ်ဖြင့် အင်းစိန်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – ကနောင် နာရေး/ရှင်ရေးကူညီမှုအသင်း-အင်းစိန်