

MT News
၂၈. ၁၀. ၂၀၂၄
မန်ချက်စတာယူနိုက်တက်ဟာ လက်ရှိရာသီမှာ ကြုံတွေ့နေရတဲ့ ရလဒ်ဆိုးများစွာကြောင့် နည်းပြ အဲရစ်တန်ဟဂ်ကို အောက်တိုဘာ ၂၈ ရက်မှာ ရာထူးက ထုတ်ပယ်လိုက်အပြီး နောက်တစ်ရက်မှာပဲ စပို့တင်းလစ္စဘွန်းနည်းပြရူဘန်အမိုရင်ကို မန်ယူအသင်းနည်းပြအဖြစ် ခန့်အပ်လိုက်နိုင်ပြီဖြစ်ပါတယ်။
စပို့တင်းလစ္စဘွန်းအသင်းရဲ့ တရားဝင်ထုတ်ပြန်ချက်အရ မန်ချက်စတာယူနိုက်တက်ဟာ အမိုရင်ရဲ့ စာချုပ်ပါ ယူရို ၁၀ သန်း(ပေါင် ၈ ဒသမ ၃ သန်း) တန် ဖျက်သိမ်းကြေးကို ပေးချေခဲ့ပြီးနောက်မှာ ပေါ်တူဂီသားနည်းပြဟာ မန်ချက်စတာယူနိုက်တက်ဆီ တရားဝင်ပြောင်းရွှေ့သွားပြီဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။
စပို့တင်းဟာ အသက် ၃၉ နှစ်အရွယ် ပေါ်တူဂီနည်းပြ အမိုရင်ကို ၂၀၂၀ ပြည့်နှစ်က စတင်တာဝန်ပေးခဲ့အပြီးမှာ ၂၀၀၂ ခုနှစ်နောက်ပိုင်း မရတော့တဲ့ ပေါ်တူဂီအမှတ်ပေးချန်ပီယံဖြစ်အောင် အမိုရင်က ပထမဆုံး စွမ်းဆောင်နိုင်သူ ဖြစ်ခဲ့ပါတယ်။
လက်ရှိအချိန်မှာ မန်ယူအသင်းဟာ ရူဘင်အမိုရင်ကို နိုဝင်ဘာ ၃ ရက်မှာ ယှဥ်ပြိုင်ရမဲ့ ချဲလ်ဆီးနဲ့ပွဲအမီ ခေါ်ယူနိုင်ဖို့ အသည်းအသန်ကြိုးပမ်းနေသလို ယူနိုက်တက်ရဲ့ အားကစားစီမံခန့်ခွဲမှုဆိုင်ရာ ထိပ်တန်းပုဂ္ဂိုလ်အားလုံးက တပြိုင်နက်အလိုရှိခဲ့တဲ့ အမိုရင်ဟာ တန်ဟဂ်ရဲ့ လက်ချက်ကြောင့် စိတ်ဓာတ်ပြိုပျက်ပြီး သရဲနီ DNA ပါ ပျောက်ဆုံးနေတဲ့ မန်ယူအသင်းကို ပရီးမီးယားလိဂ်မှာ အဆင့် ၁၄ အထိ အဆိုးဆုံးဖြစ်နေတာက ဆွဲတင်ပေးရမဲ့အပြင် သုံးပွဲကစားသုံးမှတ်နဲ့ တိုင်ပတ်နေတဲ့ ယူရိုပါလိဂ်မှာလည်း နောက်တစ်ဆင့်တက်ဖို့ ကြိုးပမ်းရမှာပါ။