October 28, 2024

၂၈. ၁၀. ၂၀၂၄
Written by Thettant

ထိုင်းနိုင်ငံ၊ အုန်းနွဲ့အုန်းယိုင်မှာ မြန်မာနိုင်ငံသားအချင်းချင်းသတ်ဖြတ်ပြီး လက်ဝတ်ရတနာပစ္စည်းတွေ လုယက် ယူဆောင်သွားခဲ့မှု ပြီးခဲ့တဲ့ အောက်တိုဘာ ၂၅ ရက် ည ၁၀ နာရီခွဲကျော်ကဖြစ်ပွားခဲ့တယ်လို့ ထိုင်းနိုင်ငံအခြေစိုက် WAG အလုပ်သမားမဟာမိတ်အဖွဲ့ရဲ့ ဆောင်ရွက်မှုလုပ်ငန်းစဥ်ကို ဒီနေ့မှာ ဖော်ပြထားမှုအရ သိရပါတယ်။

ဖြစ်စဥ်က ထိုင်းနိုင်ငံ၊ အုန်းနွဲ့အုန်းယိုင်၊ စိုင်-၅၊ အမှတ်(၄၂)မှာ နေထိုင်ပြီး ဘောပင်ထုတ်လုပ်တဲ့စက်ရုံမှာ အလုပ်လုပ်ကိုင်နေတဲ့ မသီရိမွန်(၃၀)နှစ်ကို အမည်၊ အသက်အရွယ်စုံစမ်းဆဲ မြန်မာလုပ်သားက သူမနေထိုင်ရာအခန်းအတွင်းမှာတင် သတ်ဖြတ်ပြီး မသီရိမွန်ပိုင်ဆိုင်တဲ့ လက်ဝတ်ရတနာပစ္စည်းတွေကို ယူဆောင်ကာထွက်ပြေးသွားခဲ့တာဖြစ်တယ်လို့ သိရသလို WAG အဖွဲ့ထံကိုတော့ အောက်တိုဘာ ၂၇ ရက် နေ့လယ် ၂ နာရီမှာ လာရောက်အကူအညီတောင်းခံခဲ့တာလို့ သိရပါတယ်။

လက်ရှိမှာတော့ ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးရမိရေးအတွက် WAG အဖွဲ့က ထိုင်းနိုင်ငံတာဝန်ရှိတွေနဲ့ ပူးပေါင်းပြီး ဆက်လက်ဆောင်ရွက်လျက်ရှိတယ်လို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *