October 28, 2024

၂၈.၁၀.၂၀၂၄
Written by KL

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ဘုမ္မော်ရပ်ကွက်၊ ညောင်ပင်ကြီးလမ်းတွင် နေအိမ်တစ်လုံး၌ လုံခြုံရေး မီးဖွင့်ထားရာမှ ဝါယာကြိုး အပူလွန်ကဲပြီး မီးလောင်ကျွမ်းခဲ့ရာ နေအိမ် ၂ လုံးမီးလောင်ဆုံးရှုံးခဲ့မှု အောက်တိုဘာ ၂၇ ရက် နံနက် ၁ နာရီမိနစ် ၂၀ ခန့်က ဖြစ်ပွားခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

မီးလောင်မှုမှာ မိနစ် ၄၀ ကြာလောင်ကျွမ်းခဲ့ပြီး အလျား ၁၈ ပေ၊ အနံ ပေ ၄၀ ရှိ​သော သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း၊ အုတ်ခံ(၂)ထပ်နေအိမ်တစ်လုံးနှင့် အလျား ၁၈ ပေ၊ အနံပေ ၄၀ ရှိသော သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း(၂)ထပ် နေအိမ်၏ အပေါ်ထပ် မီးလောင်ဆုံးရှုံးခဲ့သည်။

မီးလောင်မှုကို မီးငြှိမ်းသတ်ယာဉ် ၄ စီး၊ ရေသယ်ယာဉ် ၃ စီး၊ အထောက်အကူပြုယာဉ် ၂ စီးတို့ဖြင့် ထားဝယ်မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့်ငြှိမ်းသတ်ခဲ့သည်။

လူနေအိမ်မီးလောင်မှုကြောင့် ပိုင်ရှင် ဦးသင်းဆွေကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ထားသည်ဟု ထားဝယ်မြို့မရဲစခန်းထံမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *