October 28, 2024

၂၈.၁၀.၂၀၂၄
Written By Thandar

မြန်မာပြည်တွင်း ရေဘေးသင့်ပြည်သူတွေကို စွမ်းစွမ်း တမံကိုယ်တိုင်ကိုယ်ကျ လှူဒါန်းမှုလုပ်ဆောင်ခဲ့တဲ့ သရုပ် ဆောင်ဖြူဖြူထွေးကို အလင်းရောင် Group က ပရဟိတဂုဏ်ပြုဆုကြီး ချီးမြှင့်ခဲ့ပါတယ်။

“ကျွန်တော့်ကို အလင်းရောင် Group က ပရဟိတဂုဏ်ပြုဆုပေးဖို့ ဆက်သွယ်နေတာတော့ကြာပါပြီ။ ခုမှ ရန်ကုန်ပြန်ရောက်တာမို့ လာချီးမြှင့်ပေးအပ်တာပါ။ ပရဟိတအသင်းတွေ စုပြီး လာပေးအပ်တာပါ။ ‌ကျွန်တော့်အနေနဲ့
ပရဟိတဂုဏ်ပြုဆုကြီး ချီးမြှင့်ပေးလို့ အတိုင်းမသိ ပီတိဖြစ်မိတယ်။ နောက်လည်း လှူနိုင်သမျှ ထပ်လှူသွားပါဦးမယ်။ လှူနိုင်ဖို့လည်း ကြိုးစားပါ့မယ်”လို့ သရုပ်‌ဆောင်ဖြူဖြူထွေးက ပြောပါတယ်။

အဆိုပါ Group က ၂၀၂၄ ခုနှစ် ရေဘေးသင့်ပြည်သူများအတွက် စေတနာအပြည့်နဲ့ အများအကျိုးကို ဆောင်ရွက်ပေးသူ အများဒုက္ခကို ပခုံးဝင်လျှိုသူ စေတနာရှင်မလေး ဖြူဖြူထွေးအတွက် ဆုတွေပေးအပ်ခဲ့ပါတယ်။ ကူညီပံ့ပိုးရေးနဲ့ ပြန်လည်ထူထောင်နိုင်ရေးအတွက် စွမ်းစွမ်း တမံဆောင်ရွက်လုပ်ကိုင်နေသူ ဖြူ‌ဖြူထွေးရဲ့ မေတ္တာတရားကို လေးစားဂုဏ်ပြုသောအနေနဲ့ ပရဟိတဆောင်ရွက်မှုအတွက် AK Trophy က မှတ်တမ်းတင်ဂုဏ်ပြုတံဆိပ်တွေ ပေးအပ်ခဲ့သလို ငြိမ်းငြိမ်း ပရဟိတအသင်းက မုန့်ခြင်းဂုဏ်ပြုပေးအပ်ခဲ့တာလည်း ဖြစ်ပါတယ်။

ဖြူဖြူထွေးကတော့ စက်တင်ဘာလက စတင်ဖြစ်ပွားခဲ့တဲ့ရေဘေးမှာ ဒုက္ခသည်တွေအတွက် အမှန်တကယ်လိုအပ်တဲ့ ဆန်၊ ဆီ၊ ဆား၊ ခေါက်ဆွဲခြောက်၊ အိုးခွက်ပန်းကန်၊ အဝတ်အစား၊ ဖိနပ်၊ အိမ်သုံးပစ္စည်း၊ ငွေကြေးအစရှိတာတွေကို ကိုယ်တိုင်ကိုယ်ကျ (၁၀)ကြိမ်မြောက်အထိ သွားရောက်လှူဒါန်းထားသူလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *