October 28, 2024

MT News
၂၈. ၁၀. ၂၀၂၄

မန်ချက်စတာယူနိုက်တက်ဟာ လက်ရှိရာသီမှာ ကြုံတွေ့နေရတဲ့ ရလဒ်ဆိုးများစွာကြောင့် နည်းပြ အဲရစ်တန်ဟဂ်ကို ရာထူးက ထုတ်ပယ်လိုက်ပြီဖြစ်ပြီး ဒီထုတ်ပယ်မှုက ချက်ချင်းအကျိုးသက်ရောက်မယ်လို့လည်း ဖက်ဘရီဇီယို ရိုမာနိုက ပြောပါတယ်။

ဝက်စ်ဟမ်းအသင်းကို ရှုံးနိမ့်အပြီးမှာ သည်းခံမှုကုန်ဆုံးသွားတဲ့ INEOS ဟာ နည်းပြရာထူးကနေ ချက်ချင်းထုတ်ပယ်ကြောင်း တန်ဟဂ်ကို ဒီမနက်မှာအသိပေးခဲ့ပြီး ယာယီနည်းပြရာထူးကိုတော့ အသင်းရဲ့ဂန္တဝင်ကစားသမားရုဗန်နစ္စတယ်ရွိုင်းက တာဝန်ယူသွားမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လကမှ ၂၀၂၆ အထိ သက်တမ်းတိုးမြှင့်ခံထားရတဲ့ တန်ဟဂ်ဟာ မန်ချက်စတာယူနိုက်တက်ကို ပရီးမီးယားလိဂ်ပွဲစဥ် (၉) အပြီး အဆင့် (၁၄) အထိ​ရောက်အောင် ပရီးမီးယားလိဂ်သမိုင်းမှာ ယူနိုက်တက်အတွက်အဆိုးရွားဆုံးဖြစ်အောင် စွမ်းဆောင်ခဲ့သလို ယူရိုပါလိဂ်မှာလည်း သုံးပွဲကစားပြီး သုံးမှတ်နဲ့ နောက်တစ်ဆင့်အတွက် အာမခံချက်နည်းပါးသွားစေတဲ့အထိ စိတ်ပျက်ဖွယ်စွမ်းဆောင်မှုအတိကြောင့်လည်း ထုတ်ပယ်ခံလိုက်ရတာပါ။

ဒါပေမဲ့လည်း ဒီထုတ်ပယ်မှုမှာ တန်ဟဂ်ဟာ အထုပ်အထည်နဲ့ အကျိုးအမြတ်ရဖို့ရှိနေသလို လစ်လပ်နေတဲ့ မန်ယူနည်းပြရာထူးအတွက်တော့ ဇာဗီ၊ သောမတ်စ်ဖရန့်ခ်၊ ရူဘန်အမိုရင်၊ အီဒင်တာဇစ်တို့ကို ချိတ်ဆက်နေတယ်လို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *