October 28, 2024

၂၈.၁၀.၂၀၂၄
Written By Thandar

လက်ရှိ ပရိသတ်စိတ်ဝင်စားမှု မြင့်တက်နေတဲ့ ထိုင်းနိုင်ငံမှာ ကျင်းပခဲ့တဲ့ Miss Grand International 2024 ပြိုင်ပွဲကြီးမှာ 2nd Runner Up ဆုရရှိထားတဲ့ မြန်မာနိုင်ငံကိုယ်စားပြုအလှမယ် သဲစုငြိမ်းက စည်းကမ်းချိုးဖောက်တဲ့ ပြုမူပြောဆိုမှုကြောင့် ဆုကိုပြန်လည်ရုပ်သိမ်းတယ်လို တရားဝင်ကြေညာလာပါတယ်။

ဒီကြေညာချက် မထုတ်ပြန်ခင်အချိန် အောက်တိုဘာ ၂၈ ရက်နေ့ထဲက အလှမယ် သဲစုငြိမ်းက Miss Grand International Organization က နုတ်ထွက်ခဲ့တယ်လို့ Social Media က Live လွှင့်ပြောဆိုခဲ့ပါတယ်။

Miss Grand Myanmar 2024 ရဲ့ 2nd Runner Up ဆုကို မသင့်လျော်တဲ့အပြုအမူတွေနဲ့ စည်းကမ်းချိုးဖောက်မှုတွေကြောင့် ဆုကို ရုပ်သိမ်းဖို့ ဆုံးဖြတ်ခဲ့တယ်လို့ Miss Grand International Organization က ‌ယနေ့ အောက်တိုဘာ ၂၈ ရက် ညနေပိုင်းက တရားဝင်ကြေငြာချက် ထုတ်ခဲ့ပါတယ်။

၁၂ ကြိမ်မြောက် Miss Grand International ပြိုင်ပွဲကြီးကို အောက်တိုဘာ ၂၆ ရက်က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ကျင်းပခဲ့ရာ Miss Grand အိန္ဒိယအလှမယ် Rachel Gupta က Winner ဆု သရဖူဆွတ်ခူးခဲ့သလို Miss Grand ဖိလစ်ပိုင်အလှမယ် Christine Julian Opiaza က 1st Runner-up နဲ့ Miss Grand မြန်မာအလှမယ် သဲစုငြိမ်းက 2nd  Runner up ရရှိခဲ့ပါတယ်။

အဆိုပါ Winner ဆုချီးမြှင့်ပွဲအပြီးမှာ အလှမယ် သဲစုငြိမ်းက စတိတ်စင်မြင့်ရှေ့မှာ သရဖူနဲ့ စလွယ်တို့ကို National Director ထူးအံ့လွင်က ဆွဲချွတ်ယူခဲ့သလို သဲစုငြိမ်း ငိုယိုခဲ့ကိုလည်း ‌ရုပ်သံဖိုင်တချို့ Facebook ပေါ်မှာထွက်ပေါ်ခဲ့ပါတယ်။

အဲ့ဒီနောက် Miss Grand Myanmar ရဲ့ National Director ထူးအံ့လွင်ကလည်း ဆုနဲ့သရဖူကို ပြန်အပ်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ Live လွှင့်ပြောဆိုခဲ့ပါတယ်။

ထိုင်းနိုင်ငံက သတင်းမီဒီယာတချို့နဲ့လည်း MGl ဘက်က တရားဝင် ရှင်းလင်းမှုတချို့လုပ်ဆောင်ခဲ့သလို နှစ်ဦးနှစ် ဖက် ပြောဆိုမှုတွေကလည်း Social Media တစ်ခုလုံးမှာ ဆက်တိုက်ဆိုသလို ပျံ့နှံစွာ တက်လာခဲ့ကြပါတယ်။ ဒါ့အပြင်လည်း MGI ကနေ မြန်မာနိုင်ငံအပါအဝင် ၁၀ နိုင်ငံက နုတ်ထွက်မှုပြုခဲ့တယ်လို့လည်း သတင်းထုတ်ပြန်မှုတွေ ထွက်ပေါ်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *