October 28, 2024

၂၈.၁၀.၂၀၂၄
Written By Thandar

အနုပညာလမ်းကြောင်းပေါ်မှာ ပရိသတ်အားပေးမှုများစွာ ရရှိထားတဲ့ အကယ်ဒမီးစိုးပြည့်သဇင်ကတော့ “ဇော” ဇာတ်လမ်းတွဲမှာ ယုဇနဦးဆိုတဲ့ အိမ်ထောင်သည်အမျိုးသမီးတစ်‌ယောက်နေရာက ပါဝင်ထားတယ်လို့ ဆိုပါတယ်။

“စိုးပြည့်က “ဇော” ဇာတ်လမ်းတွဲမှာ ယုဇနဦးဆိုတဲ့ အိမ်ထောင်သည်အမျိုးသမီးတစ်‌ယောက်နေရာက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ကိုယ့်မှာ မိသားစုလေးတစ်ခုရှိနေတယ်။ အိမ်ထောင်ရေးဇာတ်လမ်းတွဲတွေ မကြိုက်တဲ့ပရိသတ်တွေအတွက် ထူးခြားတဲ့ Horror Drama ဇာတ်လမ်းလေးပါ။ ချစ်ကြိုက်ကွဲညားဇာတ်လမ်းဇာတ်တွေနဲ့ မတူဘူးပေါ့နော်။ စိုးပြည့်ရိုက်နေတဲ့ ကာရိုက်တာမဟုတ်ဘူးပေါ့နော်။ သည်းထိတ်ရင်ဖို ဖြစ်စရာလေးတွေလည်း ပါပါတယ်။ ပရိသတ်တွေ ရသတစ်မျိုးခံစားရမှာပါ” လို့ သရုပ်ဆောင်စိုးပြည့်သဇင်က ပြောပါတယ်။

အဆိုပါ ဇာတ်ကားကို ဇာတ်လမ်း ရွှေရည်ရွှန်းလဲ့နဲ့ ညမွှေးပန်း၊ ဇာတ်ညွှန်းပိုင်းကို ညမွှေးပန်း၊ မုဒြာနဲ့ Star Play တို့က ရေးသားထားပြီး ဒါရိုက်တာ အာကာစိုးဦးက သရုပ်ဆောင်တွေဖြစ်တဲ့ ဟိန်းဝေယံ၊ အကယ်ဒမီစိုးပြည့်သဇင်၊ အကယ်ဒမီမြတ်ကေသီအောင်၊ မိုးပွင့်ဖြူ၊ မင်းအာကာ၊ ဦးဝင်းမြိုင်၊ ကေညိမ်း၊ ယွန်းဝင့်လွှာအောင်၊ ဂွမ်းပုံကြီး၊ အေးသီတာ၊ သူဇာပွင့်၊ ကလေးသရုပ်ဆောင် ဖြိုးခန့် စတဲ့သူတွေနဲ့ ရိုက်ကူး ပါဝင်ထားကြပါတယ်။

အပိုင်း ၁၆ ပိုင်းပါဝင်တဲ့ ဇော ဇာတ်လမ်းတွဲကို ယ‌နေ့ အောက်တိုဘာ ၂၈ ရက် ည ၇ နာရီကစတင်ပြီး အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ၊ စနေနဲ့ တနင်္ဂနွေနေ့တွေမှာ Mahar Application က ထုတ်လွှင့်ပြသမှာဖြစ်ပါတယ်။

“ဇော” ဇာတ်လမ်းတွဲရဲ့ အပိုင်း ၁ ကိုတော့ ယနေ့ Mahar Application က Free ကြည့်ရှုနိုင်မှာလည်းဖြစ်ပါတယ်။

#စိုးပြည့်သဇင် #SoePyaeThazin #heinnwaiyan

#myatkaythiaung #moepwintphyu

#maharapplication #ဇော

Leave a Reply

Your email address will not be published. Required fields are marked *