October 28, 2024

၂၈.၁ဝ.၂ဝ၂၄
Written by K Pyay Thein

မိခင်နေမကောင်းလို့ ‌ဆိုင်ကယ်နဲ့ ဆေးထွက်ဝယ်တဲ့ မောင်နှ‌မနှစ်ယောက် ကားတိုက်ခံရပြီး သေဆုံးသွားခဲ့ရတဲ့ဖြစ်စဉ်တစ်ခု မြဝတီမြို့မှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီ ကားတိုက်ခံရမှုကြောင့် သေဆုံးခဲ့ရသူနှစ်ဦးဟာ မြဝတီမြို့ပေါ်သို့ စစ်ဘေးရှောင်လာတဲ့ ကလေးငယ်တွေဖြစ်တယ်လို့ ‌ဒေသခံပရဟိတလူမှုကူညီရေးသမားတွေက ပြောပါတယ်။

ဒီဖြစ်စဉ်ဟာ အခု အောက်တိုဘာ ၂၆ ရက်နေ့က ကရင်ပြည်နယ်၊ မြဝတီမြို့က အာရှလမ်းမကြီး၊ အောင်မြေရွှေဘုံအရှေ့မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

“မိခင်ဖြစ်သူ နေမကောင်းလို့ မောင်နှမနှစ်ယောက် ဆိုင်ကယ်နဲ့ဆေးထွက်ဝယ်ရာက‌နေ ကားတိုက်ခံရပြီး မောင်နှမနှစ်ယောက်စလုံး သေဆုံးသွားတာပါ။ သူတို့ကညီနောင် ရွာသစ်မှာနေထိုင်တဲ့သူတွေပါ”လို့ မြဝတီမြို့ဒေသခံတစ်ဦးက ပြောပါတယ်။

ကားတိုက်ခံရမှုကြောင့် သေဆုံးခဲ့တဲ့ မောင်နှမ နှစ်ဉီးဟာ လွန်ခဲ့တဲ့ ၆ လလောက်ထဲက မြဝတီမြို့၊ မြန်မာနန်းဘက်ကို စစ်ရှောင်နေထိုင်ရင်း အခုလိုဖြစ်ပွားသွားတာဖြစ်တယ်လို့ သိရပါတယ်။

ပုံစာ – ဆိုင်ကယ်နဲ့ ကားတိုက်ခံရမှုကြောင့် သေဆုံးခဲ့ရတဲ့မောင်နှ‌မနှစ်ယောက်ရဲ့ ရှင်သန်စဥ်ပုံရိပ် (Photo – Credit)

#မြဝတီ #ဆိုင်ကယ်နဲ့ကား #ယာဉ်တိုက်မှု #သေဆုံး #MT #mtnews

Leave a Reply

Your email address will not be published. Required fields are marked *