October 28, 2024

၂၈. ၁၀. ၂၀၂၄
Written by Nay Moe

ချောက်မြို့နယ်အတွင်း ကျက်စားနေတဲ့ PDF တွေကို စစ်ကြောင်းထိုးရှင်းလင်းချိန် တိုက်ပွဲဖြစ်ပွားရာက အာဠာဝကမြို့ပြပြောက်ကျားတပ်ခေါင်းဆောင် ဗိုလ်ပေတအပါအဝင် အနည်းဆုံး PDF သုံးဦးသေဆုံးသွားတယ်လို့ ကနဦး သိရပါတယ်။

ဖြစ်စဥ်က အောက်တိုဘာ ၂၇ ရက်မှာ နယ်မြေရှင်းလင်းရေးစစ်ကြောင်းထိုးလာတဲ့ လုံခြုံရေးတပ်ဖွဲ့နဲ့ ဗိုလ်ပေတတို့ အာဠာဝကမြို့ပြပြောက်ကျားတပ်က PDF တွေ ချောက်မြို့နယ်၊ ရွာမကျေးရွာအနီးတိုက်ပွဲဖြစ်ပြီး အာဠာဝကပြောက်ကျား တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်ပေတနဲ့ PDF အောင်လေး အပါအဝင် သုံးဦး အသေဖမ်းမိခဲ့အပြင် အနည်းဆုံး ၇ ဦးကလည်း ကျည်ထိမှန်ဒဏ်ရာတွေနဲ့ ထွက်ပြေးလွတ်မြောက်သွားကြတယ်လို့ ပြောပါတယ်။ အခြားသေဆုံးသူတစ်ဦးကတော့ PDF ပူးပေါင်းတပ်ကလို့ပဲသိရပြီး လက်ရှိမှာတော့ ဘယ်အဖွဲ့ကလဲဆိုတာ မသိရသေးပါဘူး။

ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး ဗိုလ်ပေတရဲ့ ငယ်သားတစ်ယောက်က Facebook ပေါ် ဘာမှမတင်ဖို့ တားမြစ်ထားသလို သူ့အကောင့်မှာလည်း “မင်းကိုစိတ်မချဘူးဆို..တဲ့။ အခုတော့ရော စိတ်ချသွားပြီလား အကိုရာ။ အကို့ကို ဘယ်လောက်ချစ်လဲဆိုတာ အကို သိပြီးသားပါ။ အကိုထားခဲ့တဲ့တာဝန်တွေ ညီ့ ပခုံးပေါ်ပဲ ထားခဲ့လိုက်ပါ။ အကိုကောင်းရာမွန်ရာရောက်ပါစေ။ ညီတို့တာဝန်မကျေဘူးအကိုရာ”လို့ ရေးသားထားသလို Comment တွေမှာလည်း ဗိုလ်ပေတသေတာတကယ်လားလို့ မေးထားကြတာ၊ ကောင်းရာမွန်ရာရောက်ပါစေလို့ ဆုတောင်းပေးနေကြတာကို တွေ့ရပါတယ်။

ဒါ့အပြင် ဗိုလ်ပေတရဲ့ ဖုန်းကို လုံခြုံရေးတပ်ဖွဲ့က ရရှိထားတာကြောင့် ဗိုလ်ပေတနဲ့ ချိတ်ဆက်ထောက်ပံ့နေသူတွေ ဆက်သွယ်ထားတဲ့ PDF တွေ ရှောင်ရှားဖို့လည်း PDF ထောက်ခံသူတွေက သတိပေးနေကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *