October 28, 2024

၂၈.၁၀.၂၀၂၄
Written By MT News

မယ်ဇလီဖူးတက်ခူးသည့် အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံးမှု မန္တလေးတွင် ယမန်နေ့ အောက်တိုဘာ ၂၇ ရက် ညနေ ၅ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းမယ်ဇလီပင်မှာ မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ (စ)ရပ်ကွက်၊ ၅၆ လမ်းနှင့် ၁၂၅ လမ်း‌ထောင့်တွင်ရှိပြီးအမျိုးသားတစ်ဦးက အပင်ပေါ်သို့တက်ခူးစဉ် အထက်ပါအတိုင်းဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

သေဆုံးသူမှာ မန္တလေး၊ သင်ပန်းကုန်းရပ်ကွက်နေ အသက် ၃၈ နှစ်ခန့်အရွယ် အမျိုးသားဖြစ်ပြီး ယင်း၏ရုပ်အလောင်းကို ရွှေမဉ္ဇူပရဟိတလူမှုကူညီရေးအသင်း မော်တော်ယာဥ်ဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီး ရေခဲတိုက်သို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

Photo-SMZ

Leave a Reply

Your email address will not be published. Required fields are marked *