October 28, 2024

၂၇ . ၁၀. ၂၀၂၄
Translated by Thettant

ထိုင်းနိုင်ငံ၊ ပရာချင်ဘူရီစီရင်စု၊ ကာဘင်ဘူရီခရိုင်၊ ဘော့ထောင်မြို့၊ ဘော့ထောင် ၃၃ စက်မှုဇုန်မှာရှိတဲ့ ခဲ၊ သံ ဓာတ်သတ္တုထုတ်လုပ်တဲ့စက်ရုံမှာ အောက်တိုဘာ ၂၆ ရက် နံနက် ၉ နာရီ ၂၆ မိနစ်ခန့်က ဓာတုသိုလှောင်ကန် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှုဖြစ်စဥ်အတွင်း မြန်မာလုပ်သားတစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာသူ ၁၃ ဦးကို လူနာတင်ယာဥ်တွေနဲ့ ကာဘင်ဘူရီဆေးရုံပို့ဆောင်ပြီး ဆေးကုသမှုခံယူချိန် မြန်မာလုပ်သားတစ်ဦး ထပ်မံသေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံသားပိုင်ဆိုင်ပြီး မြန်မာလုပ်သားတွေကို အဓိကခန့်ထားတဲ့ ဒီစက်ရုံပေါက်ကွဲမှုက အလွန်ပြင်းထန်ပြီး လုပ်သားတွေကို ချက်ချင်းသေဆုံးစေခဲ့သလို ဒဏ်ရာရတဲ့အလုပ်သမားတွေကလည်း ကာဘင်ဘူရီဆေးရုံက ကျွမ်းကျင်ပညာရှင်တွေရဲ့ စနစ်တကျကုသမှု ခံယူနေရဆဲဖြစ်တယ်လို့လည်း သိရပါတယ်။

ဝမ်းနည်းဖွယ် ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ လက်ရှိမှာ တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးနေသလို စက်ရုံဘက်က ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ လုပ်ငန်းစဥ်တွေ လိုက်နာမှုရှိ မရှိနဲ့ စက်ပစ္စည်းပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းစဥ်တွေ ပျက်ယွင်းမှုရှိ မရှိ စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။

ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ မြန်မာအလုပ်သမားတွေကို အဓိကခန့်ထားတဲ့ ဒီစက်ရုံက Xiao Xiang Non- Ferrous Metal Company Limited လို့ သိရပြီး အမျိုးသားလုပ်သား ၂၀၅ ဦးနဲ့ အမျိုးသမီးလုပ်သား ၂၇ ဦးရှိတယ်လို့ ဖော်ပြထားသလို ရဲတပ်ဖွဲ့စစ်ဆေးချိန်မှာ လုပ်သားတစ်ဦးကို ပေါက်ကွဲတဲ့ သိုလှောင်ကန်ဘေးတင် သေဆုံးလျက်သား တွေ့ရတယ်လို့လည်း ဖော်ပြထားပါတယ်။

Ref , Thaiger & Nation

Leave a Reply

Your email address will not be published. Required fields are marked *