October 28, 2024

၂၇. ၁၀. ၂၀၂၄
Written by Nay Moe

မြို့သိမ်းတိုက်ပွဲတွေအတွင်းမှာ တပ်သားသေဆုံးကြောင်း ဝန်ခံ ထုတ်ပြန်ခဲ့ဖူးခြင်းမရှိတဲ့ တအာန်းလက်နက်ကိုင် TNLA က ဒီနေ့မှာတော့ ၁၀၂၇ စစ်ဆင်ရေးအတွင်းသေဆုံးသွားတဲ့ TNLA တပ်သားတွေအတွက် နှစ်ပတ်လည် ဒါနပြုလုပ်နေတယ်လို့ ထုတ်ပြန်လာပါတယ်။

၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်ကစခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၁) မှာ TNLA က နမ့်ခမ်း၊ ကွတ်ခိုင်၊ နမ္မတူ၊ မန်တုံ၊ နမ့်ဆန်၊ မိုင်းလုံနဲ့ မိုင်းငေါ့မြို့တို့ကို တိုက်ခိုက်သိမ်းယူနိုင်ခဲ့ပြီး ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂)မှာလည်း လက်ကျန်မြို့ဖြစ်တဲ့ ကျောက်မဲ၊ သီပေါ၊ နောင်ချို၊ မိုးကုတ်နဲ့ မိုးမိတ်မြို့နယ်တို့ကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သလို လက်ရှိအချိန်မှာ တောင်းခမ်းစခန်းကိုသာ တိုက်ခိုက်သိမ်းပိုက်ဖို့ ကျန်ရှိတယ်လို့ TNLA က ပြောသလို ဒီလိုမြို့သိမ်းတိုက်ပွဲတွေအတွင်း သေဆုံးကုန်တဲ့ TNLA လက်နက်ကိုင်တွေနဲ့ ကျန်တဲ့ ပူးပေါင်းတပ်ဖွဲ့ဝင်တွေ ခြေပြတ်လက်ပြတ်ဖြစ်သွားသူတွေကို မှတ်တမ်းတင်ထားမယ်လို့ ပြောပေမဲ့ သေကုန်တဲ့ TNLA လက်နက်ကိုင် ဘယ်လောက်အတွက် အလှူလုပ်ပေးလဲဆိုတာက ဖော်ပြထားတာ မတွေ့ရပါဘူး။

TNLA ဟာ တိုက်ပွဲအတွင်း သေဆုံးကုန်တဲ့ သူ့တပ်သားတွေအတွက် ပြုလုပ်တဲ့အလှူကို စုစည်းရွာ ဘုန်းကြီး ကျောင်းမှာ ကျင်းပခဲ့တာမြင်ရသလို လူပုံပါတဲ့ အလှူခြင်း ၁၀ ခြင်းအထက်နဲ့ လူပုံမပါတဲ့ ခြင်း ၁၀ ခြင်းအထက်ကိုလည်း စုစည်းရွာဆရာတော်ရှေ့မှာ ရည်စူးလှူထားတာ မြင်ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *