October 28, 2024

၂၇ .၁၀ .၂၀၂၄
Written by MMAK

◾ ချဲလ်ဆီး Vs နယူးကာဆယ်

နယူးကာဆယ်အသင်းက ဒီရာသီမှာ သိသိသာသာ ခြေစွမ်းကျဆင်းနေပြီး အဝေးကွင်းခြေစွမ်းက ပိုညံ့ပါတယ်။ ချဲလ်ဆီးအသင်းက ခြေစွမ်းအတက်ဘက်ကို ရောက်နေပြီး ကစားသမားအင်အားမှာလည်း အသာရထားတဲ့အပြင် အိမ်ကွင်းဖြစ်နေတာကြောင့် ဒီပွဲကို အမှားခံမယ် မထင်ပါဘူး။ ဒီပွဲမှာ ချဲလ်ဆီးအသင်းက ဘော်ဒီကြေးတစ်လုံး ငါးဆယ်စားပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးငါးဆယ်အရှုံး ဖြစ်ပါတယ်။ ဒီပွဲက ဘော်ဒီကြေးရော ဂိုးပေါင်းကြေးရော မျှတတဲ့ ပေါက်ကြေးဖြစ်ပြီး ချဲလ်ဆီးအသင်း ဘော်ဒီနဲ့ ဂိုးပေါင်းအပေါ် တစ်ခုခုအောင်နိုင်သလို နှစ်ခုလုံးလည်း အောင်နိုင်ပါတယ်။ နယူးကာဆယ်အသင်းကို တစ်လုံးငါးဆယ်စား ပေးထားတဲ့ ချဲလ်ဆီးအသင်းရဲ့ ဘော်ဒီကြေးက ချဲလ်ဆီးအသင်း နှစ်ဂိုးမပြတ်ရင်တောင် အနိမ့်ဆုံး တစ်ဂိုးတော့ နိုင်မယ်ဆိုတဲ့ ပေါက်ကြေးမျိုး ဖြစ်တယ်လို့ ယူဆထားပါတယ်။ နယူးကာဆယ်အသင်းလည်း ဂိုးရနိုင်တယ်ဆိုပေမဲ့
အိမ်ရှင်ချဲလ်ဆီးအသင်းရဲ့ တိုက်စစ်က ဂိုးပိုရနိုင်တယ်လို့ ထင်ပါတယ်။ ချဲလ်ဆီးအသင်းရဲ့ ဘော်ဒီကြေးက လုံးဝပြောင်းလဲမှု မရှိဘဲ တင်းခံနေတာ တွေ့ရသလို အနိမ့်ဆုံး တစ်ဂိုးအသာလောက်နဲ့ နိုင်သွားမယ်ဆိုတဲ့ ပေါက်ကြေး ဖွင့်လစ်မှုကြောင့် ချဲလ်ဆီးဘော်ဒီကိုပဲ ကြိုက်ပါတယ်။

◾ ဝက်စ်ဟမ်း Vs မန်ယူ

ဒီရာသီမှာ နှစ်သင်းလုံး ခြေစွမ်းအကျဘက်ကို ရောက်နေပြီး ရလဒ်ကောင်းဖို့ ကြိုးစားနေကြတာ တွေ့ရပါတယ်။ ဒီပွဲမှာ မန်ယူအသင်းက ပြားသုံးဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးသရေ ဖြစ်ပါတယ်။ ဒီပွဲမှာ ဂိုးပေါင်းကြေး သိသိသာသာ မြင့်တက်နေတာကို တွေ့ရပြီး အပြန်အလှန်သွင်းဂိုးတွေ မြင်ရနိုင်တဲ့ အနေအထားဖြစ်ပါတယ်။ ဝက်စ်ဟမ်းအသင်းက အိမ်ကွင်းတိုက်စစ် ဂိုးသွင်းအား ကောင်းသလို ခံစစ်ကလည်း ဂိုးတွေပြန်ပေးရပါတယ်။ ရလဒ်ကောင်းဖို့ ကြိုးစားနေတဲ့ မန်ယူအသင်းကလည်း ဝက်စ်ဟမ်းခံစစ်ကို ဂိုးရဖို့များပါတယ်။ နှစ်သင်းလုံး အနိုင်ရလဒ်ကို ဦးတည်ကစားလာနိုင်ပြီး တစ်သင်းသင်းက တစ်ဂိုးစရတာနဲ့ တိုက်စစ်ဖွင့်ကစားလာနိုင်တဲ့ ပွဲမျိုးဖြစ်ပါတယ်။ ဘော်ဒီကြေး ပျော့နေပြီး ဂိုးပေါင်းကြေး မြင့်တက်နေတဲ့ ပွဲတွေက ဂိုးပေါ်တတ်တဲ့ ဖော်မြူလာပွဲ ဖြစ်သလို ဒီပွဲက တစ်ဖက်တစ်ဂိုးစီကနေ စကြည့်ရမဲ့ ပွဲဖြစ်ပြီး အနိမ့်ဆုံး သုံးဂိုးလောက်က အသာအယာ မြင်ရနိုင်ပါတယ်။ နှစ်သင်းလုံး ဂိုးရနိုင်တဲ့အတွက် ဒီပွဲကို ဂိုးပေါ်တစ်မျိုးတည်းသာ ရွေးချယ်ပေးချင်ပါတယ်။

◾ ခရစ္စတယ်ပဲလေ့စ် Vs စပါး

လန်ဒန်ဒါဘီ ပွဲစဥ်ဖြစ်သလို နိုင်ပွဲလုံးဝ မရသေးတဲ့ ပဲလေ့စ်အသင်းကို စပါးအသင်းပေးထားတဲ့ တစ်လုံးရှစ်ဆယ်စားဆိုတဲ့ ပေါက်ကြေးက အနည်းငယ် ပျော့နေပြီး ဂိုးပေါင်းကြေး သုံးလုံးသရေ ဖြစ်ပါတယ်။ တကယ်လို့ ဂိုးပေါင်းကြေး သုံးလုံးသရေလောက်ထိ ပေးချင်တယ်ဆို စပါးအသင်းရဲ့ ဘော်ဒီကြေးက တစ်လုံးငါးဆယ်စားလောက်ထိ ပေးသင့်တာ ဖြစ်ပါတယ်။ ဒီပေါက်ကြေးက ပဲလေ့စ်ဘော်ဒီနဲ့ ဂိုးအောက် တစ်ခုခု ဖြစ်နိုင်ပေမဲ့ စပါးအသင်းက ဂိုးတွေ အများကြီးသွင်းပြီး စုံပေါ်အောင်ဖို့ မဖြစ်နိုင်တဲ့ ပွဲလို့ ယူဆထားပါတယ်။ နောက်တစ်ချက်က စပါးအသင်းရဲ့ အဝေးကွင်းခြေစွမ်းက သာမာန်ခြေစွမ်း အဆင့်မှာသာ ရှိပြီး ဆွန်ဟောင်မင်မပါနိုင်တဲ့ စပါးတိုက်စစ်က ဂိုးရဖို့ ခက်ခဲတတ်ပါတယ်။ စပါးအသင်းက တိုက်စစ်အားသန်အသင်း အသင်းဖြစ်နေလို့ ဂိုးပေါင်းကြေး သုံးလုံးသရေ ပေးချင်တယ်ဆိုရင် ဘော်ဒီကြေးမှာ ဒီစျေးပေးလို့ မရပါဘူး။ တစ်ဂိုးအသာနဲ့ အနိုင်ရဖို့တောင် သိပ်မလွယ်တဲ့ ဘော်ဒီကြေးမှာ ဂိုးတွေအများကြီး ရဖို့ဆိုတာ မလွယ်ပါဘူး။ ဒီပွဲက လေးဂိုးလောက်ထိ မြင်ရဖို့ တော်တော်ခက်ခဲနိုင်သလို အများဆုံး သုံးဂိုးလောက်သာ ဖြစ်နိုင်လို့ ဂိုးအောက်ရွေးချယ်မှုက အကောင်းဆုံး ဖြစ်ပါတယ်။

◾အာဆင်နယ် Vs လီဗာပူး

အာဆင်နယ်အသင်းမှာ အဓိကကစားသမား တော်တော်များ ဒဏ်ရာရ ပွဲပယ် ဖြစ်နေချိန်မှာ လီဗာပူးအသင်းနဲ့ ကစားရမှာ ဖြစ်တာကြောင့် ခက်ခက်ခဲခဲ ကစားရနိုင်ပါတယ်။ အိုဒီဂတ်နဲ့ ဆာကာ မပါနိုင်ရင် အာဆင်နယ်တိုက်စစ်က အလုပ်သိပ်မဖြစ်ဘဲ ခံစစ်အကောင်းဆုံး ဖြစ်နေတဲ့ လီဗာပူးခံစစ်ကို ဂိုးရဖို့ သိပ်မလွယ်ပါဘူး။ အာဆင်နယ် ခံစစ်မှာ ဆာလီဘာ ပွဲပယ်ခံထားရပေမဲ့ ဘန်၀ိုက်နဲ့ ပါတေးတို့ ဝင်ကစားနိုင်တာကြောင့် ခံစစ်ပိုင်းကတော့ အရမ်းညံ့မနေပါဘူး။ လီဗာပူးတိုက်စစ်မှာလည်း ဂျိုတာ မပါနိုင်တာကြောင့် နူနက်ဝင်ကစားလာနိုင်တဲ့အတွက် နူနက်ရဲ့ ကစားပုံနဲ့ အာဆင်နယ်ခံစစ်ကို ဂိုးသွင်းနိုင်ဖို့ ခက်မယ်လို့ ထင်ပါတယ်။ ဒီပွဲမှာ အာဆင်နယ်အသင်းက ပြားနှစ်ဆယ် အရှုံးပေးထားပြီး ဂိုးပေါင်းကြေး နှစ်လုံးအရှုံး ဖြစ်ပါတယ်။ ဘော်ဒီကြေးက ပါးပါးလေး ပေးထားသလို တိုက်စစ်ကောင်းတဲ့ အသင်းကြီး နှစ်သင်းတွေ့နေချိန်မှာ ဂိုးပေါင်းစျေးကလည်း ပျော့ပျော့လေးသာ တွေ့ရပါတယ်။ ဒီပွဲမှာ တိုက်စစ်အပြိုင်ဖွင့်ကစားလာမှာ မဟုတ်ဘဲ တစ်သင်းနဲ့တစ်သင်း အမှားစောင့်ပြီး ထိန်းကစားမဲ့ပွဲ ဖြစ်ပါတယ်။ တစ်သင်းသင်းနိုင်ရင်လည်း တစ်ဂိုးလောက်နဲ့ ကပ်နိုင်ပြီး မနိုင်ရင် တစ်ဖက်တစ်ဂိုးစီ သရေရလဒ်က အဖြစ်နိုင်ဆုံး ရလဒ် ဖြစ်ပါတယ်။ ပေါက်ကြေးနဲ့ လက်ရှိခြေစွမ်းအရ   ဂိုးအောက်ရွေးချယ်မှုက အကောင်းဆုံး ဖြစ်ပါတယ်။

◾ ဘိုချမ် Vs ဘိုင်ယန်မြူးနစ်

ဒီညအတွက် အကြိုက်ဆုံး အထက်ကြေးအဖြစ် ဘိုင်ယန်မြူးနစ်အသင်းကို ရွေးချယ်ထားပါတယ်။ ဘိုင်ယန်မြူးနစ် အသင်းက ဘော်ဒီကြေး နှစ်လုံးအရှုံးပေးထားပြီး ဂိုးပေါင်းကြေး လေးလုံးလေးဆယ်အရှုံး ဖြစ်ပါတယ်။ အမှတ်ပေးဇယားအောက်ဆုံးကို ရောက်နေတဲ့ ဘိုချမ်အသင်းရဲ့ ခြေစွမ်းက တော်တော်လေးကို  ညံ့လွန်းနေပါတယ်။ သရေပွဲ တစ်ပွဲသာ ရထားပြီး ခြောက်ပွဲထိ ရှုံးနိမ့်ထားသလို ခံစစ်က တစ်ပွဲကို အနိမ့်ဆုံး နှစ်ဂိုးလောက် ပေးနေရပါတယ်။ ဘိုင်ယန်က ကြားရက်မှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ ဘာစီလိုနာအသင်းကို ဂိုးပြတ်ရှုံးခဲ့တာကြောင့် ဒီပွဲမှာ ပေါက်ကွဲလာနိုင်သလို မနှစ်ကရာသီ ဘိုချမ်ကွင်းမှာတုန်းကလည်း ဘိုချမ်အသင်းကို ရှုံးခဲ့တာကြောင့် လက်စားချေနိုင်ပွဲ ပြန်ရဖို့ ကြိုးစားလာမှာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ဘိုင်ယန်အသင်းရဲ့ တိုက်စစ်က တစ်ပွဲကို သုံးဂိုးလောက် အနိမ့်ဆုံးသွင်းထားတဲ့ တိုက်စစ်ဖြစ်ပြီး ဘိုချမ်အသင်းနဲ့ တွေ့တိုင်း ဂိုးမြူးလေ့ရှိသလို ဂိုးပြတ်တွေချည်း နိုင်ထားတာ ဖြစ်ပါတယ်။ သုံးဂိုးပြတ်မှ ကြေးစားရမှာ ဖြစ်ပေမဲ့ ပေါက်ကြေးအရ ကြေးမှန်သလို ပေါက်ကွဲလာမဲ့ ဘိုင်ယန်အသင်းရဲ့ သွင်းဂိုးတွေကို ထိုင်ကြည့်ရမဲ့ပွဲ ဖြစ်တာကြောင့် ဘိုင်ယန်ဘော်ဒီကို ရွေးချယ်ပေးချင်ပါတယ်။

◾ အင်တာမီလန် Vs ဂျူဗင်တပ်

ဒီရာသီမှာ စီးရီအေဖလားကို နာပိုလီအသင်းနဲ့ အပြိုင် လုရနိုင်တဲ့ အသင်းကြီးနှစ်သင်း ထိပ်တိုက်တွေ့နေတာ ဖြစ်ပါတယ်။ ဒီပွဲမှာ အိမ်ရှင်အင်တာမီလန်အသင်းက ဘော်ဒီကြေး တစ်လုံးခုနှစ်ဆယ်စား ပေးထားပြီး ဂိုးပေါင်းကြေး နှစ်လုံးခုနှစ်ဆယ် အရှုံး ဖြစ်ပါတယ်။ ဒီရာသီမှာ ဂျူဗင်တပ်အသင်းက ရှစ်ပွဲကစားပြီးချိန်မှာ ခံစစ်က တစ်ဂိုးသာ ပေးထားရတာကြောင့် ဥရောပလိဂ်ကြီး ငါးလိဂ်မှာ ခံစစ်အကောင်းဆုံးနဲ့ ပေးဂိုးအနည်းဆုံးအသင်း ဖြစ်ပါတယ်။ ဒီနှစ်သင်းထိပ်တိုက်တွေ့ထားတဲ့ နောက်ဆုံး ခြောက်ပွဲဆက် ဂိုးအောက်ထားပြီး စီရီးအေရဲ့ ပုံစံအတိုင်း ဂိုးအောက်ဖြစ်ဖို့ ရာခိုင်နှုန်းတော်တော်လေးများတဲ့ပွဲပါ။ အင်တာမီလန်အသင်းရဲ့ ဘော်ဒီကြေးက ကြေးပြင်းတာ တွေ့ရပေမဲ့ အင်တာမီလန်အသင်း ဂိုးရဖို့ ခက်မယ်လို့ ယူဆထားတဲ့အတွက် ဘော်ဒီကြေးတောင် အောင်နိုင်ဖို့ ခက်ပါတယ်။ ဒီပွဲက ဂိုးမရှိသရေတောင် ဖြစ်သွားနိုင်ပြီး အင်တာနိုင်ရင် တစ်ဂိုးအသာလောက်နဲ့ ကပ်နိုင်ပြီး မနိုင်ရင် တစ်ဖက်တစ်ဂိုးစီလောက်နဲ့ ပွဲပြီးဖို့ များပါတယ်။ သွင်းဂိုးတစ်ဂိုး မြင်ရဖို့တောင် ခက်ခဲနိုင်တယ်လို့ ယူဆထားတဲ့ အတွက် ဒီပွဲကို ဂိုးအောက်ကစားဖို့ ရွေးချယ်ပေးချင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *