October 28, 2024

၂၇.၁၀. ၂၀၂၄
Written by Shwe Phyo

တောင်ကိုရီးယား အယူခံတရားရုံးသည် လူသတ်မှုကျူးလွန်ခဲ့မှုအတွက် ထောင်ဒဏ် ၅ နှစ်ပြစ်ဒဏ်ချမှတ်ခံရသော မြန်မာ နိုင်ငံသား၏အယူခံမှုကို ငြင်းဆန်ပယ်ချလိုက်ကြောင်းသိရသည်။

ဧပြီလ ၂၈ ရက်နေ့က Dangjin အရပ်ဒေသရှိ အလုပ်ရုံအနီး လူနေအိမ်ရာတွင် မြန်မာနိုင်ငံသားတစ်ဦးကို သတ်ရန်ကြိုးပမ်းအားထုတ်မှုကြောင့် အောက်တရားရုံးကထောင်ဒဏ် ၅ နှစ်ပြစ်ဒဏ်ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။ ထိုပြစ်ဒဏ်အပေါ် အယူခံသော်လည်း Daejeon အဆင့်မြင့်တရားရုံးသည် မြန်မာနိုင်ငံသားကို ထောင်ဒဏ် ၅ နှစ် ပြစ်ဒဏ်ချမှတ်ခဲ့သော တရားရုံး၏ ဆုံးဖြတ်ချက်ကို ထပ်မံအတည်ပြုခဲ့ကြောင်းသိရသည်။

အသက် ၃၀ အရွယ်ရှိ မြန်မာနိုင်ငံသားသည် ဗီဇာသက်တမ်းကုန်ဆုံးနေသော်လည်း Dangjin အရပ်ဒေသက စက်ရုံတွင်အလုပ်လုပ်နေသူဖြစ်ပြီး အခြားမြန်မာနိုင်ငံသားတစ်ဦးကို အရှည် ၃၆ စင်မီတီတာအရှည်ရှိ ဓားဖြင့်သတ်ဖြတ်ရန်ကြိုးပမ်းခဲ့ကြောင်းသိရသည်။

၎င်းတို့ နှစ်ဦးသည် ဘာသာရေးအငြင်းပွားမှုဖြစ်ပွားခဲ့ရာမှ ရန်ဖြစ်စကားများခဲ့ပြီး လူသတ်မှုကျူးလွန်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ လူသတ်ရန်ကြိုးပမ်းအားထုတ်သူသည် တောင်ကိုရီးယားနိုင်ငံသို့ E-9 visa ဖြင့် ဝင်ရောက်လာခဲ့ပြီး ၂၀၂၃ ခုနှစ် မတ်လတွင် ဗီဇာသက်တမ်းကုန်ဆုံးခဲ့သော်လည်း မိခင်နိုင်ငံသို့ မပြန်ဘဲ တောင်ကိုရီးယားနိုင်ငံတွင် တရားမဝင် ဆက်လက်လုပ်ကိုင်ကာအလုပ်လုပ်နေခြင်းဖြစ်ကြောင်း သိရသည်။

REf, msn

Leave a Reply

Your email address will not be published. Required fields are marked *