October 28, 2024

၂၇.၁ဝ.၂ဝ၂၄
Written by K Pyay Thein

မလေးရှားနိုင်ငံမှာ အော်ပရာဇီဆိုတဲ့ ပြည်ပနိုင်ငံကလာရောက် အလုပ်လုပ်ကိုင်ကြသူတွေအပေါ် ဖမ်းဆီးစစ်‌ဆေးတာတွေကို မလေးရှားအစိုးရက ဆက်တိုက်ဆိုသလိုပြုလုပ်နေလို့ မလေးရှားရောက် မြန်မာရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ အခုကာလမှာ အသွားအလာအနေအထိုင်ဂရုပြုကြဖို့ အသိပေးနှိုး‌ဆော်မှုတွေရှိနေတယ်လို့ သိရပါတယ်။

အခု အောက်တိုဘာလ ၂၄ ရက်နေ့ကလည်း မလေးရှား နိုင်ငံ၊ ကွာလာလမ်ပူရှိ Sentul မှာ အော်ပရာစီ ဝင်ရောက်ဖမ်းဆီးခဲ့တဲ့အတွက် အထောက်အထားမပြည့်စုံတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား  ၃၂ ဦးကို မလေးရဲတပ်ဖွဲ့ကဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ မလေးရှားနိုင်ငံရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားအရေးကူညီဆောင်ရွက်ပေးသူတွေက ပြောပါတယ်။

ဒါ့အပြင် အခုအောက်တိုဘာလ ၂၇ ရက်နေ့ကလည်း မလေးရှားနိုင်ငံ၊ ပီနန်း၊ ဂျော့ခ်ျတောင်းမြို့တဝိုက်ရှိ နေရာသုံးခုမှာ ခိုထိန်းချုပ်ရေးလုပ်ငန်း‌တွေကို မလေးအစိုးရရဲ့ MBPP အဖွဲ့က လုပ်ဆောင်နေလို့ မြန်မာ‌ရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ လမ်းမတွေပေါ်မှာခိုစာကျွေးမွေးခြင်းတွေကိုမပြုလုပ်ကြဖို့ ရွှေ့ပြောင်းအလုပ်သမားအရေးကူညီဆောင်ရွက်နေသူတွေက ပြောပါတယ်။

အဲ့ဒီ MBPP အဖွဲ့အနေနဲ့ CCTV ကင်မရာတွေကနေတစ်ဆင့် ခိုတွေကို အစာကျွေးခြင်းဆိုင်ရာ လှုပ်ရှားမှုတွေကိုအမြဲမပြတ်လေ့လာစောင့်ကြည့်နေပြီး ဒီလို ခိုစာကျွေးတာဟာ မလေးရှားနိုင်ငံမှာတရားမဝင်ဖြစ်တာကြောင့် မြန်မာရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ ခိုစာကျွေးမွေးတာကိုလည်း မပြုလုပ်ကြဖို့ကိုလည်း အသိပေးထားတာဖြစ်ပါတယ်။

မြေပြင်မှာ ခိုစာကျွေးသူတွေကို တွေ့ရှိပါကလည်း မလေးရှားအစိုးရက ဒဏ်ငွေ RM၂၅၀ အထိ ချမှတ်ဒဏ်ရိုက်မှုတွေလည်းရှိနေတာဖြစ်တယ်လို့ သိရပါတယ်။

Photo – CJ

Leave a Reply

Your email address will not be published. Required fields are marked *