October 28, 2024

◾ ကျူးလွန်သူမှာ ထွက်ပြေးသွားဟု သက်ဆိုင်ရာကပြော

၂၇.၁၀.၂၀၂၄
Written By Zun

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ အမှတ် (၂)ရပ်ကွက်၊ အနော်ရထာလမ်းမကြီးပေါ်၊(၃၄ လမ်းနှင့် အနော်ရထာလမ်းမကြီးထိပ်)ရှိ အဆောက်အဦတွင် ယနေ့ အောက်တိုဘာလ ၂၇ ရက် နံနက် ၈ နာရီခန့်က ဓားထိုးမှုဖြစ်ပွားခဲ့သောကြောင့် တစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း သိရသည်။
ယင်းအခင်းဖြစ်စဉ်ကို သတင်းပေးပို့မှုကြောင့် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ကျောက်တံတားမြို့နယ်၊ မြို့မရဲစခန်းက သွားရောက် စစ်ဆေးခဲ့ကြရာ ဓားဖြင့်ထိုးခံရသူတွင် လည်ပင်းလက်ဝဲဘက်ပြတ်ရှ၊ လက်ဝဲလက်မောင်းထိုးသွင်းဒဏ်ရာ၊ လက်ဝဲလက်ဖျံပြတ်ရှ၊ လက်ယာလက်ချောင်းများပြတ်ရှဒဏ်ရာများရရှိနေသောကြောင့် ရန်ကုန်ဆေးရုံကြီးသို့ ကျောက်တံတားမြို့နယ်မီးသတ်ပိုင်ယာဉ်ဖြင့် အရေးပေါ်ပို့ဆောင်ထားရကြောင်း သိရသည်။

“အခုက ဒဏ်ရာရသူကို အရေးပေါ်ခွဲစိတ်ကုသနေရတယ်။ ဒါကြောင့် အမှုဖွင့်ဖို့ကိစ္စကို အော်ပရေးရှင်းပြီးမှ လုပ်ရမယ်။ အခုက ဓားနဲ့ထိုးတဲ့သူက ထွက်ပြေးသွားပြီ။စစ်ဆေးတာတွေ လုပ်ရဦးမယ်”ဟု ရဲတပ်ဖွဲ့နှင့်နီးစပ်သူ  က MT News ကို ပြောသည်။

အဆိုပါအခင်းဖြစ်ပွားရာနေရာမှာ အမှတ်(၂)ရပ်ကွက်၊ အနော်ရထာလမ်း၊ အမှတ်(၁၆၈)၊ ငါးလွှာ(လက်ဝဲဘက်အခန်း) ၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အခန်းတွင် အတူနေကြသူများဖြစ်သည့် ဦးမျိုးဆွေနှင့် တစ်အိမ်တည်းအတူနေသူ အေးလင်းအောင်တို့ စကားများရာက အေးလင်းအောင်က ၄ လက်မခွဲအရှည်ရှိ ဟင်းရွက်လှီးဓားဖြင့်ထိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *