October 28, 2024

၂၇.၁၀.၂၀၂၄
Written By Thandar

ပါဝါကင်းရုပ်ရှင်ထုတ်လုပ်ရေးက မိသားစုဒရာမာ ဇာတ်လမ်းပုံစံ “ရမ္မက်ကကြိုး” ဇာတ်လမ်းတွဲ ကန်တော့ပွဲပေးမှုကို ယနေ့ အောက်တိုဘာ ၂၇ရက် နံနက် ၉နာရီက ရန်ကုန်မြို့ ဒဂုံမြို့နယ်ရှိ အိမ်တော်ရာဘုရားမှာ ကျင်းပခဲ့ပါတယ်။

“ပထမတော့ ခြူးလေးက ဇာတ်လမ်းတွဲ ရိုက်ကူးမှုအတွက် ဒီနှစ်ထဲမှာ လက်မခံတော့ဘူး တွက်ထားပေမယ့် ဇာတ်လမ်းလေး ဖတ်ကြည့်ချိန်မှာ တော်တော်လေးကောင်းတယ်။ မိုးမြင့်မေကောင်မလေး ကာရိုက်တာကသနားစရာလည်း ကောင်းတာမို့ လက်ခံဖြစ်လိုက်တာပါ။ ဒီဇာတ်ကားက အရမ်းကောင်းလို့ မိသားစုဒရာမာကိုမှ အလောင်လေးတွေလည်း ပါတယ်” လို့ သရုပ်ဆောင် ခြူးလေးကပြောပါတယ်။

အဆိုပါဇာတ်ကားကို ဇာတ်လမ်းလုံမ၊ ဇာတ်ညွှန်း သားမြင့်ရွှေတို့က ရေးသားပြီးတော့ ဒါရိုက်တာ ထက်ကြီး (ပေါက်ကွဲသည်)က ရိုက်ကူးကာ သရုပ်ဆောင်တွေအနေနဲ့ ကောင်းပြည့်၊ ဘုန်းလျှံ၊ နေရှိုင်း၊ Jay၊ ခြူးလေး၊ ရွှေပိုးအိမ်၊ မျိုးစန္ဒီကျော်၊ ချယ်ချယ်၊ ထူးခြား၊ ကျော်ဇင်ထွဋ်၊ အကယ်ဒမီ အောင်ခိုင်၊ ဇော်ကြီး၊ ရန်ပြေ၊ စိုးကြီး စတဲ့သူတွေပါဝင်ကြမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *